News

POST TYPE

NEWS

မကွေးတိုင်း ဝန်ကြီးချုပ်နှင့် အနုပညာရှင်များ သစ်ပင်စိုက်
18-Jun-2019

ချောက်၊ ဇွန် ၁၈

ချောက်မြို့တွင် အပူချိန်လျော့ချရေးအတွက် မကွေးတိုင်းဝန်ကြီးချုပ်အပါဝင် အစိုးရအဖွဲ့ဝင်များ ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌနှင့် အနုပညာရှင်များက ယနေ့ (ဇွန် ၁၈ ရက်) နေ့တွင် သစ်ပင်စိုက်ပွဲတော်ကျင်းပခဲ့သည်။

ချောက်မြို့အမှတ် ၁ နယ်မြေရှိ ရှစ်မျက်နှာဘုရားနှင့် အောင်မင်္ဂလာဘုရားအနီး ပတ်ဝန်းကျင်တောင်ကုန်းများတွင် စိုက်ပျိုးခဲ့ခြင်းသည်။

သစ်ပင်စိုက်ပွဲတော် အခန်းအနားတွင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက အလှူငွေ ၈၄ သိန်း ၂ သောင်းကျပ်၊ ရန်ကုန်ရောက် ချောက်မြို့နယ် မိသားစုအသင်းက အလှူငွေ သိန်း ၇၀ ကျပ်၊ ချောက်သခင်ဖိုးလှကြီး စက်မှုသိပ္ပံ အင်ဂျင်နီယာကျောင်းသားဟောင်းများက အလှူတော်ငွေ ၅ သိန်းကျပ်တို့အား ချောက်မြို့အပူချိန်လျော့ချရေးကော်မတီထံသို့ လှူဒါန်းခဲ့သည်။

ချောက်မြို့သည် ယခုနှစ်တွင် မြန်မာနိုင်ငံတွင် အပူချိန်အမြင့်ဆုံး စံချိန် ၄၇ ဒသမ ၁ စင်တီဂရိတ်အထိ ရောက်ရှိခဲ့သော မြို့ဖြစ်သည်။