News

POST TYPE

NEWS

စစ်ကိုင်းတိုင်းအတွင်း ဆင်စခန်းအသစ်နှစ်ခု ထပ်မံဖွင့်လှစ်မည်
17-Jun-2019


ဆင်များထိန်းသိမ်းရေးနှင့် သဘာဝအခြေခံခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးရည်ရွယ်၍ စစ်ကိုင်းတိုင်းအတွင်း ဆင်စခန်း အသစ်နှစ်ခုကို ထပ်မံဖွင့်လှစ်မည်ဖြစ်ကြောင်း မြန်မာ့သစ်လုပ်ငန်းမှ ဒုတိယအထွေထွေမန်နေဂျာ ဦးခင်မောင်ကြည်က ပြောကြားသည်။

အဆိုပါဆင်စခန်းနှစ်ခုကို စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်အတွင်းရှိ ဇလုံတောင်နှင့် မုံရွာမြို့နယ်အတွင်းရှိ ဗောဓိတစ်ထောင်တို့တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

လက်ရှိမြန်မာနိုင်ငံတစ်ဝန်းတွင် မြန်မာ့သစ်လုပ်ငန်းက ဖွင့်လှစ်ထားသည့် ဆင်စခန်းပေါင်း ၂၀ ရှိပြီး ပုဂ္ဂလိကပိုင် ဆင်စခန်း နှစ်ခုရှိသည်။

E-03




  • VIA