News

POST TYPE

NEWS

ငွေကြေးစနစ် ကောင်းမွန်ခြင်းကြောင့် မလေးရှားနှင့် စင်ကာပူတို့ အဓိက ကုန်သွယ်မိတ်ဖက်များအဖြစ်ထားရှိရန် အမေရိကန်စီစဉ်
29-May-2019

ဝါရှင်တန်၊ မေ ၂၉

အမေရိကန်ပြည်ထောင်စုသည် မလေးရှားနှင့် စင်ကာပူတို့ကို ငွေကြေးစီးဆင်းမှုစနစ် ကောင်းမွန်ခြင်းကြောင့် ၎င်း၏ အဓိက ကုန်သွယ်မိတ်ဖက်နိုင်ငံများစာရင်းတွင် ထည့်သွင်းရန်စီစဉ်လိုက်ပြီဖြစ်ကြောင်း Channel News Asia က ဖော်ပြထားသည်။

ထရမ့်အစိုးရအဖွဲ့သည် အမေရိကန်ပြည်ထောင်စု၏ အဓိကကုန်သွယ်မိတ်ဖက်နိုင်ငံစာရင်းကို ၂၁ နိုင်ငံအထိ တိုးမြှင့်ရန်စီစဉ်နေပြီဖြစ်ပြီး လက်ရှိတွင် ၎င်းတို့အနေနှင့် ဖြစ်နိုင်ခြေရှိသော နိုင်ငံပေါင်းကိုးနိုင်ငံကို စောင့်ကြည့်မှုများရှိနေကြောင်း ထရမ့်အစိုးရအဖွဲ့က အသိပေးထားသည်။

အမေရိကန်ပြည်ထောင်စုသည် တရုတ်နှင့် ကုန်သွယ်ရေးစစ်ပွဲ ဖြစ်ပွားနေသော်လည်း ၎င်းတို့ ထပ်မံတိုးချဲ့မည့် အဓိကကုန်သွယ်မိတ်ဖက်နိုင်ငံများစာရင်းတွင် တရုတ်ကို ထည့်သွင်းထားပြီး ၎င်းတို့ စောင့်ကြည့်အကဲခတ်နေသည့် နိုင်ငံပေါင်းကိုးနိုင်ငံမှာ မလေးရှား၊ စင်ကာပူ၊ တရုတ်၊ ဂျာမနီ၊ အိုင်ယာလန်၊ အီတလီ၊ ဂျပန်၊ တောင်ကိုရီးယားနှင့် ဗီယက်နမ်တို့ ဖြစ်ကြောင်း ထရမ့်အစိုးရအဖွဲ့က အသိပေးထားသည်။

အမေရိကန်ပြည်ထောင်စု ဗဟိုဘဏ်သည် မလေးရှားရင်းဂစ်နှင့် စင်ကာပူဒေါ်လာတို့မှာ အာဆီယံတွင် သြဇာရှိသော ငွေကြေးစာရင်း၌ ပါဝင်သည့်အတွက် အဓိက ကုန်သွယ်မိတ်ဖက်အဖြစ် လက်တွဲသင့်ကြောင်း ထရမ့်အစိုးရအဖွဲ့ကို အကြံပြုထားခြင်းဖြစ်ပြီး ယင်းနိုင်ငံနှစ်နိုင်ငံ၏ စီးပွားရေးဓနအင်အားနှင့် ကုန်စည်စီးဆင်းမှုတို့မှာလည်း နှစ်လိုဖွယ်ရာကောင်းကြောင်း အမေရိကန်ပြည်ထောင်စု ဗဟိုဘဏ်က ထောက်ခံချက် ပေးအပ်ထားသေးသည်။

E-11