News

POST TYPE

NEWS

လမိုင်းမြို့က ငွေသန်းပေါင်းများစွာ လိမ်လည်သူကို အမှုမဖွင့်သေး လူထုအုံကြွမှု မဖြစ်စေရန် ရဲအင်းအားတစ်ရာကျော် လုံခြုံရေးယူထား
23-May-2019



မော်လမြိုင်၊ မေ ၂၃

မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့တွင် အွန်လိုင်း ငွေစုငွေချေးမဲ လေလံစနစ်ဖြင့် ကျပ်သန်းပေါင်း တစ်သောင်းကျော် လိမ်လည်ခဲ့သူကို ရဲစခန်းတွင် တစ်ဦးတစ်ယောက်က တရားလိုပြုလုပ်၍ အမှုတစ်စုံတစ်ရာ ဖွင့်လှစ်ခြင်း မရှိသေးကြောင်းနှင့် လက်ရှိတွင် လူထုအုံကြွမှု မဖြစ်စေရန် ရဲတပ်ဖွဲ့အင်အား တစ်ရာကျော် လုံခြုံရေးယူထားရကြောင်း ပြည်နယ်ဦးစီး ရဲမှူးမြင့်ဝင်းက ပြောကြားသည်။

“အဓိကတော့ ပြသနာထပ်မဖြစ်အောင် ထိန်းထားဖို့ပါပဲ၊ နစ်နာတဲ့လူတွေက ပြစ်မှုကျူးလွန်တဲ့သူ တရားခံတွေ ဖြစ်ကုန်မှာစိုးလို့၊ လုံခြုံရေးယူထားပေးတာပဲ”ဟု ၄င်းက ဆိုသည်။ 

လက်ရှိတွင် လမိုင်းမြို့နှင့် မော့ကနင်ကကျေးရွာကို လမိုင်းနယ်မြေရဲတပ်ဖွဲ့၊ ရေးမြို့နယ်ရဲတပ်ဖွဲ့ သံဖြူဇရပ်မြို့နယ်ရဲတပ်ဖွဲ့ မုဒုံမြို့နယ်ရဲတပ်ဖွဲ့နှင့် မော်လမြိုင်ခရိုင်ရဲတပ်ဖွဲ့တို့မှ စုပေါင်း၍ လုံခြုံးရေးယူထားရသည်။

နစ်နာသူဒေသခံများကလည်း လိမ်လည်သူလင်မယားနှစ်ယောက်ကို ၄င်းတို့ မျက်စိအောက်မှ အပျောက်မခံရှိနေကြပြီး ၄င်းတို့ပျောက်သွားပါ ဆုံးရှုံးသွားသော ငွေကြေးများ ပြန်လည်မရမည်ကို စိုးရိမ်နေကြကြောင်း လမိုင်းမြို့ခံများက ပြောကြားသည်။

R-21