News

POST TYPE

NEWS

ISIS အကြမ်းဖက်အဖွဲ့နှင့် ဆက်နွယ်နေသူတစ်ဦးကို ဖမ်းဆီးနိုင်ရန် စုံစမ်းရှာဖွေ
23-May-2019



ရန်ကုန်၊ မေ ၂၃

မြန်မာနိုင်ငံအတွင်း ရောက်ရှိနေသည့် ISIS အကြမ်းဖက်အဖွဲ့နှင့် ပတ်သက်ဆက်နွယ်နေသူ နိုင်ငံခြားသားတစ်ဦးကို ဖမ်းဆီးနိုင်ရန် စုံစမ်းရှာဖွေနေကြောင်း ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း လုံခြုံရေးရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ပြောသည်။ 

စုံစမ်းရှာဖွေနေသည့် နိုင်ငံခြားသားအမျိုးသားမှာ သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့၊ နီဂွမ်ဘိုမြို့နှင့် ဘတ်ကီကာလေမြို့များတွင် ဖြစ်ပွားခဲ့သော အသေခံဗုံးခွဲအကြမ်းဖက်တိုက်ခိုက်သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ ဖမ်းဆီးရမိသူ တရားခံများနှင့် ဆက်စပ်ပတ်သက်နေသူဖြစ်ကာ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလကတည်းက လေကြောင်းခရီးစဉ်ဖြင့် ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာသော်လည်း ပြန်လည်ထွက်ခွာသွားခြင်း မရှိသေးကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။