News

POST TYPE

NEWS

စင်ကာပူတွင် အသုံးပြုပြီးသား ဟွားဝေဖုန်းများ၏ရောင်းဈေးများ အားလုံး သုညဒေါ်လာဖြစ်သွား
23-May-2019


နယူးယောက်၊ မေ ၂၃

စင်ကာပူနိုင်ငံ၏ တစ်ပတ်ရစ်ပစ္စည်းများ ရောင်းဝယ်ရေးဈေးကွက်တွင် အသုံးပြုပြီးသား ဟွားဝေကုမ္ပဏီထုတ် နည်းပညာပစ္စည်းများအားလုံး၏ရောင်းဈေးသည် သုညဒေါ်လာဖြစ်သွားခဲ့ပြီဖြစ်ပြီး ယင်းအချက်မှာ ဟွားဝေအတွက် ကြီးစွာသောထိုးနှက်ချက်တစ်ရပ်ဖြစ်လာတော့မည်ဖြစ်ကြောင်း Mothership.com က ဖော်ပြထားသည်။

ဟွားဝေမိုဘိုင်းဖုန်းနှင့် တက်ဘလက်များတွင် ဂူဂဲလ်နှင့်သက်ဆိုင်သည့် အက်ပလီကေးရှင်းများဖြစ်သော Google Maps, You Tube နှင့် Gmail တို့ အသုံးပြုခွင့် ဆုံးရှုံးတော့မည့်အချက်သည် ဟွားဝေကုမ္ပဏီထုတ် နည်းပညာပစ္စည်းများ ဝယ်ယူသုံးစွဲနေသူများအပေါ်တွင် ကြီးစွာသောရိုက်ခတ်မှုများရှိနေပြီဖြစ်ပြီး ဟွားဝေကုမ္ပဏီထုတ် မိုဘိုင်းဖုန်းနှင့် တက်ဘလက်များကို ဝယ်ယူထားသူများက ပြန်လည်ရောင်းထုတ်မှုများ မြင့်တက်လာအပြီးတွင် စင်ကာပူဈေးကွက်၌ ဟွားဝေကုမ္ပဏီထုတ် တစ်ပတ်ရစ်ပစ္စည်းများအားလုံး၏ဈေးနှုန်းမှာ သုည ဒေါ်လာဖြစ်သွားခဲ့ခြင်းဖြစ်သည်။

စင်ကာပူနိုင်ငံ၏ နည်းပညာပစ္စည်းများ ရောင်းဝယ်ရေးဈေးကွက်တွင် ဟွားဝေအမှတ်တံဆိပ်ကို ရွေးချယ်မှုသည် ယခုသီတင်းပတ်အတွင်း၌ များစွာ လျော့ကျသွားခဲ့ပြီဖြစ်ပြီး တစ်ပတ်ရစ်ပစ္စည်း အရောင်းဆိုင်များ အားလုံးကလည်း ဟွားဝေကုမ္ပဏီထုတ် နည်းပညာပစ္စည်းများ အားလုံးကို ၎င်းတို့အနေနှင့် လက်ခံဝယ်ယူတော့မည် မဟုတ်ပါကြောင်း ကြေညာချက် ထုတ်ပြန်ထားပြီဖြစ်သည်။

E-11