News

POST TYPE

NEWS

လားရှိုးအကျဉ်းထောင် ဝန်ထမ်းထံမှ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ
21-May-2019

လားရှိုး၊ မေ ၂၁

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ အကျဉ်းထောင်တွင် ထောင်ဝန်ထမ်းတစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြားများကို ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ပြီးခဲ့သည့် မေလ ၁၈ ရက်နေ့ နံနက်ပိုင်းက အကျဉ်းထောင်အတွင်း ပစ္စည်းပို့ရန်ဝင်ရောက်လာသည့် တပ်သားအောင်အောင်ကို စစ်ဆေးရာမှ စိတ်ကြွဆေးပြား ၃၀ ပြားနှင့် မူးယစ်ဆေးသုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း လားရှိုး မြို့နယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောဆိုသည်။

အဆိုပါ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ ထောင်ဝန်ထမ်းတပ်သား အောင်အောင်ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သည့်ဆေးဝါးများ ဥပဒေပုဒ်မ ၁၆ (၈)ဖြင့် လားရှိုးမြို့နယ်မြေရဲစခန်းတွင် ပထမသတင်းပေးချက် အမှတ် ၁၇/ ၂၀၁၉ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

R-07