News

POST TYPE

NEWS

၂၀၁၅ အပြည်ပြည်ဆိုင်ရာ နျူကလီးယားပဋိညာဉ်စာချုပ်ကို ချိုးဖောက်ဖို့ ဟန်ပြင်လာတဲ့ အီရန်
08-May-2019


အမေရိကန်၊ မေ ၈

၂၀၁၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ နျူကလီးယား ပဋိညာဉ်စာချုပ်မှာ ပါရှိတဲ့ အဓိကအချက်အလက်တွေကို အီရန်က မလိုက်နာဘဲ ချိုးဖောက်မှုတွေ ရှိလာခဲ့ပြီဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုဘက်ကနေပြီး အပြည်ပြည်ဆိုင်ရာ နျူကလီးယား ပဋိညာဉ်စာချုပ်ဆိုင်ရာ အချက်အလက်တွေကို ဖောက်ဖျက်လိုက်ပြီး တစ်နှစ်အကြာမှာ အီရန်ဘက်ကလည်း အခုလို လက်တုံ့ပြန်မှုတွေ ရှိလာတာဖြစ်တယ်လို့ သတင်းတွေက ဆိုပါတယ်။

အီရန်သမ္မတ ရိုဟာနီက သူ့အနေနဲ့ အီရန်နိုင်ငံက ပိုင်ဆိုင်ထားတဲ့ ယူရေနီယံဓာတ်သတ္တု ရင်းမြစ်တွေကို ပြည်ပနိုင်ငံတွေဆီကို ရောင်းထုတ်ပေးတာထက် နိုင်ငံထဲမှာ ဆက်လက်ထိန်းသိမ်းတာမျိုးပဲ ဆောင်ရွက်သွားတော့မယ်လို့ အသိပေးထားပါတယ်။

စွမ်းအားမြင့် ယူရေနီယမ်ဓာတ်သတ္တု ထုတ်လုပ်မှုတွေကို ရက်ပေါင်း ၆၀ အတွင်း ပြန်လည်ဆောင်ရွက်သွားတော့မယ်လို့လည်း ရိုဟာနီက ခြိမ်းခြောက်စကား ပြောကြားလိုက်ပါတယ်။

အမေရိကန်ဘက်ကနေပြီး ပိတ်ဆို့အရေးယူမှုအသစ်တွေ ဆောင်ရွက်လိုက်တာကြောင့် အီရန်ဟာ နျူကလီးယားထုတ်လုပ်ရေး လမ်းကြောင်းထက်ကို ပြန်လည်လျှောက်လှမ်းဖို့ အရိပ်အယောင်တွေ ရှိနေပြီလည်းဖြစ်ပါတယ်။

အမေရိကန်ဘက်က ဆောင်ရွက်လိုက်တဲ့ ပိတ်ဆို့အရေးယူအသစ်တွေကြောင့် အီရန်နိုင်ငံရဲ့စီးပွားရေးပိုင်းဆိုင်ရာမှာ ထိခိုက်နစ်နာမှုတွေရှိနေပြီး လက်ရှိမှာတော့ နျူကလီးယားပဋိညာဉ်စာချုပ်မှာ ပါရှိတဲ့ ဥရောပနိုင်ငံတွေက အီရန်ကို သဘောတူညီချက်တွေအပေါ် ပြန်လည်လိုက်နာပေးဖို့အတွက် တိုက်တွန်းနေပါတယ်။

E-11