News

POST TYPE

NEWS

သစ်ခြောက်ပင်အိုကြီးကို စာကြည့်တိုက်လေးဖြစ်အောင် ပြင်ဆင်
05-May-2019

အမေရိကန်ပြည်ထောင်စု အိုင်ဒါဟို ပြည်နယ်က ရှာရာလီအာမီတေ့ဂျ်ဟိုးဝပ်ဆိုတဲ့ အမျိုးသမီးဟာ အိမ်ရှေ့က သစ်ပင်သေကြီးပေါ်က သစ်ကိုင်းခြောက်တွေ သူ့ပန်းခင်းထဲကျကျနေလို့ စိတ်ညစ်နေရတာ ဆယ်စုနှစ်တစ်ခု ရှိခဲ့ပါပြီ။

နောက်ဆုံး တစ်ခေါက်ကတော့ အဆိုပါ နှစ် ၁၁၀ သက်တမ်းရှိ အပင်ကြီးကို သူ စိတ်လုံးလုံး ကုန်သွားပါပြီ။ သူ့သားရဲ့ကားပေါ်ကို ကိုင်းကျိုးကျတာ ပိုက်ဆံ တော်တော်ထွက်သွားတယ်လေ။ မုန်တိုင်းကြောင့် သစ်ကိုင်းကြီး အိမ်ပေါ်ရောက်မလာခင် ခုတ်ရပါတယ်။

ဟောင်းဝပ်ဟာ စာအုပ်ချစ်သူပါ။ စာကြည့်တိုက်မှာ အလုပ်လုပ်သူ ဖြစ်ပါတယ်။ ဒါကြောင့် သူခုတ်ရမယ့် အပင်ကြီးကို စာကြည့်တိုက် သေးသေးလေးအဖြစ် ဖန်တီးလိုက်ပါတယ်။ သစ်ပင်ကြီးထဲမှာ စာအုပ်စင်လေးနဲ့ အိမ်နီးချင်းတွေအတွက် စာကြည့်တိုက်လေး လုပ်ထားတဲ့ပုံတွေ လူမှုကွန်ရက်မီဒီယာပေါ် ပျံ့နှံ့သွားပြီး လူ တော်တော်များများက မျှဝေနေကြပါတယ်။

Cottomwood အပင်ကြီးကို ခုတ်လှဲပြီးတော့ အဆိုပါ စာကြည့်တိုက်လေးဆောက်တဲ့ ကုန်ကျစရိတ်က ဒေါ်လာ ၅ ထောင်လောက်ရှိပါသတဲ့။

F-02