News

POST TYPE

NEWS

နော်တာဒိမ်းဘုရားရှိခိုးကျောင်းကြီးကို လောင်ခဲ့တဲ့ မီးလျှံတွေထဲက ခရစ်တော်ရဲ့ပုံရိပ်
23-Apr-2019




ပြင်သစ်နိုင်ငံက နှစ်သက်တမ်း ၈၅၀ ရှိတဲ့ ကမ္ဘာ့အမွေအနှစ် လက်ရာ နော်တာဒိမ်း ဘုရားရှိခိုးကျောင်းကြီး မီးလောင်ခဲ့တဲ့ ဖြစ်စဉ်မှာ ထူးခြားမှုတွေ ရှိခဲ့ကြောင်း ကမ္ဘာ့သတင်းမီဒီယာတွေက သတင်းရေးသားမှုတွေ ရှိနေပြီပဲ ဖြစ်ပါတယ်။

ပထမဆုံး ထူးခြားချက်ကတော့ နော်တာဒိမ်းဘုရားကျောင်းကြီးကို မီးလောင်နေချိန်မှာ မီးတောက်မီးလျှံအတွင်း ခရစ်တော် လမ်းလျှောက်နေသယောင် ပုံရိပ်ကို တွေ့ရှိလိုက်ရတာပါပဲ။



နောက်တစ်ခုတော့ မျှော်စင်တစ်ခုကို လောင်ကျွမ်းနေတဲ့ မီးတောက်မီးလျှံတွေကနေ ထွက်ပေါ်လာတဲ့ မီးခိုးလုံးကြီးတွေကြားမှာ ထူးဆန်းနဲ့ မျက်နှာကြီးသဏ္ဌာန် ပုံရိပ်တစ်ခုကို မြင်တွေ့ခဲ့ရတာပဲဖြစ်ပါတယ်။

ဗြိတိန်အခြေစိုက် သတင်းမီဒီယာကြီးတစ်ခုဖြစ်တဲ့ The Sun ဟာ ဒီမျက်နှာကြီးကို သူတို့သတင်းစာရဲ့မျက်နှာဖုံးမှာ ဖော်ပြခဲ့ပြီး နော်တာဒိမ်းဘုရားရှိခိုးကျောင်းကြီး မီးလောင်ကျွမ်းတဲ့အကြောင်းကို သတင်းရေးသားခဲ့တာဖြစ်ပါတယ်။

မီးလျှံထဲမှာ လမ်းလျှောက်နေသယောင် မြင်လိုက်ရတဲ့ ခရစ်တော်ရဲ့ပုံရိပ်ဟာ အရမ်းကို လူပြောများတဲ့ကိစ္စတစ်ခုဖြစ်နေပြီး တစ်ချို့သောသူတွေကတော့ ဒါဟာ ဓာတ်ပုံတွေ၊ မီးလျှံတွေနဲ့ မီးခိုးလုံးတွေရဲ့ အမြင်လှည့်စားမှုသာဖြစ်တယ်လို့လည်း ပြောကြားနေကြပါတယ်။