News

POST TYPE

NEWS

ချောက်တွင် အပူချိန်မြင့်မား၍ အပူရှောင်စခန်းများဖွင့်လှစ်
23-Apr-2019



ချောက်၊ ဧပြီ ၂၃

နေ့အပူချိန် မြင့်မားမှုကြောင့် မကွေးတိုင်းဒေသကြီး ချောက်မြို့တွင် ဧပြီလ ၂၃ ရက်မှစတင်ပြီး အပူရှောင်စခန်းများ ဖွင်လှစ်ပေးထားပြီး ကျန်းမာရေးစောင့်ရှောက်မှုများ ဆောက်ရွက်ပေးနေကြောင်း ယင်းမြို့ တိုင်းဒေသကြီး ၁ လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်းဝင်းက ပြောဆိုသည်။

ယင်းမြို့၏ နေ့အပူချိန်သည် ဧပြီလ ၁၉ ရက်မှစပြီး ၄၆ ဒီဂရီစင်တီဂရိတ်အထိ မြင့်လာ၍ လွှတ်တော်အမတ်များ၊ မြို့နယ်ထွေ/အုပ်၊ ကျန်းမာရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများနှင့် လူမှုရေးအသင်းအဖွဲ့များက ဧပြီလ ၂၃ ရက် နံနက်ပိုင်းက စုပေါင်းဆွေနွေးတိုင်ပင်ပြီး ယင်းမြို့ပေါ် ရပ်ကွက်များရှိ ဓမ္မာရုံ ၁၅ ခုတွင် အပူရှောင်စခန်းများ ဖွင့်လှစ်ပေးထားခြင်းဖြစ်သည်။

ကျန်းမာရေးဌာနများအနေနှင့်မူ Mobile Team အဖွဲ့များဖွဲ့၍ လှည့်လည်ကာ ကျန်းမာရေးစောင့်ရှောက်မှုပေးနေပြီး ထူးခြားလူနာ၊ အပူဒဏ်ကြောင့် ဖြစ်ပေါ်သော လူနာများရှိလာပါက မနောဖြူ၊ ဥတ္တရလူငယ် လူမှုရေးအသင်းများ၏ အကူအညီဖြင့် ဆေးရုံသို့ပို့ဆောင်ကာ ကုသရန်အသင့်ပြင်ဆင်ထားကြောင်း ယင်းမြို့ ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးမှူး အဆင့် (၁) ဦးလှိုင်မြင့်ဟန်က ရှင်းပြသည်။

R-24