News

POST TYPE

NEWS

သင်္ကြန်ကာလ အမြန်လမ်းတစ်လျှောက် ယာဉ်မတော်တဆမှု အကြိမ်၂၀ ဖြစ်ကာ လေးဦးသေဆုံး
17-Apr-2019

တောင်ငူ၊ ဧပြီ ၁၇

ရန်ကုန်-မန္တလေး အမြန်လမ်းတစ်လျှောက် သင်္ကြန်ကာလ ဧပြီလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ ယာဉ်မတော်တဆမှု အကြိမ် ၂၀ ဖြစ်ပွားခဲ့ပြီး လေးဦးသေဆုံးခဲ့ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။

“လူသေဆုံးမှုကတော့ အမျိုးသား ၃ ဦးနဲ့အမျိုးသမီး ၁ ဦးပါ။ ထိုခိုက်ဒဏ်ရာရသူ ၄၂ ဦးရှိပါတယ်”ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တွင် သင်္ကြန်ကာလအတွင်း ခရီးသည်တင်ယာဉ်နှင့် အိမ်စီးယာဉ်များ ဖြတ်သန်းသွားလာမှု အလွန်များပြားခဲ့ပြီး လေးရက်တာကာလ ယာဉ်မတော်တဆမှု အကြိမ်၂ဝ ဖြစ်ပွားခဲ့ရာတွင် အမျိုးသား ၂၂ ဦး၊ အမျိုးသမီး ၂၀ ဦး၊ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ယာဉ်မတော်တဆမှု အများစုမှာ အိမ်စီးမော်တော်ယာဉ်များဖြစ်ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ စုံစမ်းသိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်မှ မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ်ထိ မိုင်ပေါင်း ၃၆၆ မိုင် ရှည်လျားသည့် ရန်ကုန်-မန္တလေး အမြန်လမ်းကို ၂၀၀၅ ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီး၂၀၀၉ ခုနှစ်တွင် လမ်းပိုင်းအချို့ စတင် သုံးစွဲခွင့်ပြုခဲ့ပြီး ၂၀၀၁ ခုနှစ်တွင် လမ်းပိုင်းအားလုံး အသုံးပြုနိုင်ခဲ့ပြီး နေ့စဉ် ဖြတ်သန်းသွားလာကြသည့် ယာဉ်စီးရေ ၃၀၀၀ မှ ၅၀၀၀ အကြား ရှိနေသည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန အချက်လက်မျအရ စုံစမ်းသိရှိရသည်။

R-15