News

POST TYPE

NEWS

ရန်ကုန်တိုင်းရှိ လုပ်ငန်းမလုပ်သည့် စက်မှုဇုန်စာရင်း ကောက်ယူမှု ဒီဇင်ဘာလ ပြီးမည်
28-Jul-2016

ရန်ကုန်၊ ဇူလိုင် ၂၈ 

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လုပ်ငန်းလုပ်ကိုင်ခြင်း မရှိသည့် စက်ရုံများ စာရင်းကောက်ယူမှုမှာ ယခုနှစ် ဒီဇင်ဘာလတွင် ပြီးစီးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဓာတုဗေဒ စက်မှုလုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။ 

“စက်မှုဇုန်တွေကို စွန့်ပစ် ပစ္စည်းတွေ ဘယ်လောက် ထွက်လဲဆိုတာ စာရင်း ကောက်တာပါ။ ဒီဇင်ဘာလမှာ ပြီးစီးအောင် NGO နှစ်ဖွဲ့ကလည်း လုပ်နေပါတယ်”ဟု မြန်မာနိုင်ငံ ဓာတုဗေဒ စက်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဝင်းထင်က ပြောကြားသည်။ 

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လုပ်ငန်း လုပ်ကိုင်ခြင်း မရှိသည့် စက်ရုံနှင့် ဂိုထောင်များ စာရင်း၊ လျှပ်စစ်မီး သုံးစွဲမှု၊ ရေဆိုးရေညစ် စွန့်ပစ်မှုတို့ကို အတိအကျ သိရှိနိုင်ရန် စက်မှုဇုန် ကော်မတီများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ရေး ကော်မတီက စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီများနှင့် ပူးပေါင်း၍ ယခုလမှစတင်ကာ စာရင်း ကောက်ယူနေခြင်း ဖြစ်သည်။ 

စက်မှုဝန်ကြီးဌာနသို့ တရားဝင် မှတ်ပုံတင်ထားသည့် စက်ရုံ ၄၄၀၀၀ ကျော်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးရှိ စက်မှုဇုန်ပေါင်း ၂၉ ခုတွင် ၂၀ ဝန်းကျင်သာ လုပ်ငန်း လည်ပတ်လျက်ရှိကာ ရန်ကုန်တိုင်းဒေသကြီး အစိုးရကလည်း လုပ်ငန်းလုပ်ကိုင်ခြင်း မရှိသည့် စက်မှုဇုန် မြေကွက်များကို စာချုပ်ပါ စည်းကမ်းချက်များအတိုင်း အရေးယူ ဆောင်ရွက်သွားရန် စီစဉ်နေသည်ဟု အစိုးရအဖွဲ့က ကြေညာထားကြောင်း စက်မှုဝန်ကြီးဌာနထံမှ သိရသည်။

  • VIA