News

POST TYPE

NEWS

အလယ်တန်းအဆင့် Grade 6 သင်ရိုးသစ် သင်တန်း ၁၄ ရက်ကြာ ပြုလုပ်မည်
20-Mar-2019

ရန်ကုန်၊ မတ် ၂၀

အလယ်တန်းအဆင့် Grade 6 (သင်ရိုးသစ် ဆဋ္ဌမတန်း) သင်တန်းကို သက်ဆိုင်ရာ ခရိုင်များတွင် ၁၄ ရက်ကြာ ပြုလုပ်သွားမည်ဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးခက်သော စစ်ကိုင်းတိုင်း နန်းယွန်းမြို့နယ်၊ ဟုမ္မလင်းမြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်များကိုသာ မြို့နယ်အဆင့်ကျင်းပရန် ခွင့်ပြုထားကြောင်း အခြေခံပညာဦးစီးဌာနထံမှ သိရှိရသည်။

သင်တန်းများကို သက်ဆိုင်ရာ မြို့နယ်များတွင် ကျင်းပရန်စီစဉ်ခဲ့သော်လည်း ဘာသာရပ်အလိုက် နည်းပြဦးရေနှင့် သင်တန်းသားဦးရေ တွက်ချက်စိစစ်မှုအရ သင်တန်းထိရောက်မှုရှိစေရေး တိုင်း၊ ပြည်နယ်များရှိ ခရိုင်များ အားလုံးတွင် ခရိုင်အဆင့်သင်တန်းများ ကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်ထားရမည်ဖြစ်ကြောင်း ယင်းဌာနထုတ်ပြန်ချက်အရ သိရှိရသည်။ 

အဆိုပါသင်တန်းတွင် ကိုယ်ပိုင်ကျောင်းများနှင့် ဘကကျောင်းများမှ သင်တန်းသားများသည် ခရိုင်အလိုက် တက်ရောက်ရမည်ဖြစ်ပြီး လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ မသန်စွမ်းကျောင်းများ၊ စေတနာ့ဝန်ထမ်း မသန်စွမ်းဂေဟာများမှ လယ်ဆင့်သင် ဆရာ၊ ဆရာမ ၃၉ ဦးနှင့် တပ်မတော်ပညာရေးကျောင်းမှ လယ်ဆင့်သင်ပညာရေးနည်းပြ ၇၂ ဦး တက်ရောက်မည်ဖြစ်ကြောင်း ယင်းဌာနထံမှသိရသည်။ 

J-05