News

POST TYPE

NEWS

ဒဂုံတောင်တွင် မူးယစ်ဆေးဝါး ရောင်းချနေသူ အမျိုးသားကိုဖမ်းမိ
20-Mar-2019

ရန်ကုန်၊ မတ် ၂၀

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ ၂၃ ရပ်ကွက်တွင် မတ်လ ၁၉ ရက် မွန်းလွဲပိုင်းက မူးယစ်ဆေးဝါးများ ရောင်းချနေသည့် အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖမ်းမိသူ အသက် ၂၃ နှစ် အောင်ကျော်ဆန်း (ခ) အောင်ကြီးမှာ မူးယစ်ဆေးဝါးများ ရောင်းချနေကြောင်း သတင်းရရှိမှုကြောင်း ၎င်း၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ ယင်းအမျိုးသားနှင့်အတူ စိတ်ကြွရူးသွပ်ဆေးပြား ၄၁၉ ပြားနှင့် ဆေးခြောက်များကို သိမ်းဆည်းရမိခဲ့သည်။

ဒေသကာလပေါက်ဈေး ကျပ် ၁၂ သိန်းကျော်ရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့သူ အောင်ကျော်ဆန်း (ခ) အောင်ကြီးကို ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်အရေးယူထားပြီး အမှုကွင်းဆက်မှ တရားခံများကို ဖော်ထုတ်အရေးယူနိုင်ရန် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

S-03