News

POST TYPE

NEWS

မိတ္ထီလာတွင် တွဲကားနှင့် ဆိုင်ကယ်တိုက်မိ၍ နှစ်ဦးသေဆုံး
19-Mar-2019

မိတ္ထီလာ၊ မတ် ၁၈

မန္တလေးတိုင်း မိတ္ထီလာမြို့ စက်မှုဇုံရပ်ကွက်တွင် မတ်လ(၁၇)ရက် ည ၁၁ နာရီခွဲခန့်က ၂၂ ဘီးတွဲယာဉ်နှင့် ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင်တိုက်မိပြီး လူနှစ်ဦးသေဆုံး၍ တစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။ 

ဖြစ်စဉ်မှာ ရန်ကုန်-မန္တလေးလမ်း မိုင်တိုင်အမှတ်(၃၄၆/၅)နှင့်(၃၄၆/၆)ကြား၊ စက်မှုဇုန်ရပ်ကွက် (၁)လမ်းနှင့်(၂)လမ်းကြားတွင် ကျောက်ဆည်မြို့ တံစိုးဂိတ်ရပ်ကွက်နေ ဖိုးတွတ်(၃၀ နှစ်)မောင်းနှင်သော တွဲကားသည် စက်မှုဇုံရပ်ကွက်အတွင်းမှ လမ်းမကြီးပေါ်သို့ ချိုးကွေ့စဉ် မိတ္ထီလာမြို့တွင်းဘက်မှ မန္တလေးဘက်သို့ ရန်မျိုးအောင်ရပ်နေ သန်းထွဋ်ကျော် (၂၅ နှစ်)မောင်းနှင်ပြီး နောက်တွင် ဝမ်းတွင်းမြို့နယ် တမာကုန်းရွာမှ အောင်စံဖြိုးဝင်း(၂၅ နှစ်)နှင့် ခင်မောင်တိုး(၂၆ နှစ်)တို့ သုံးဦးလိုက်ပါလာသည့် လော့ဂျား (အနက်ရောင်)ဆိုင်ကယ်က ကား၏နောက်ပိုင်းကို ဝင်ရောက်တိုက်မိခဲ့သဖြင့် ခင်မောင်တိုးနှင့် အောင်စံဖြိုးဝင်းတို့သည် ဒဏ်ရာများရရှိ၍ နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ကာ ဆိုင်ကယ်မောင်းသူ သန်းထွဋ်ကျော်မှာ နှာခေါင်းသွေးထွက်ဒဏ်ရာ၊ နဖူး ဖူးရောင်ဒဏ်ရာတို့ရရှိခဲ့သည့်အတွက် မိတ္ထီလာဆေးရုံတွင် အတွင်းလူနာ(စိုးရိမ်ရ)အဖြစ် တင်ပို့ကုန်သနေကြောင်း ရဲမှတ်တမ်းအရ သိရသည်။ 

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မိတ္ထီလာမြို့ အမှတ်(၃)နယ်မြေရဲစခန်းမှ ယာဉ်မောင်းများဖြစ်သည့် သန်းထွဋ်ကျော်နှင့် ဖိုးတွတ်တို့ကို ရာဇသတ်ကြီးပုဒ်မ-၃၀၄(က)/၃၃၈/၃၃၇ တို့ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

R-01