News

POST TYPE

NEWS

ဒေါ်လာအတု ပြုလုပ်သည့် လိုက်ဘေးရီးယား နိုင်ငံသားကို ထောင်နှစ်နှစ် အမိန့်ချ
28-Jul-2016 tagged as ဒေါ်လာ

ဒဂုံမြို့နယ် ဦးဝိဇာရလမ်းရှိ Olympic Hotel အတွင်း အမေရိကန်ဒေါ်လာ အတုပြုလုပ်သည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းမိခဲ့သော လိုက်ဘေးရီးယား နိုင်ငံသား အမျိုးသားကို ယနေ့ (ဇူလိုင် ၂၈ ရက်) နံနက်က အနောက်ပိုင်းခရိုင် တရားရုံးက အလုပ်နှင့် ထောင်ဒဏ်နှစ်နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။

ယင်းထောက်ဒဏ် အမိန့်ချခံရသော လိုက်ဘေးရီးယား နိုင်ငံသား Mr. Raymond Sancho ကို ယခုနှစ် ဇန်နဝါရီလ ၂၅ ရက်က Olympic Hotel ရှိ အခန်းတစ်ခန်းတွင် ဒေါ်လာအတု ပြုလုပ်သည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ပတ္တမြားအတုများပါ သိမ်းဆည်းရမိခဲ့ကြောင်း ဒဂုံမြို့မ ရဲစခန်းမှ ရဲအရာရှိက ပြောသည်။
“ဒီနေ့အမိန့်ချခဲ့တာ ဒေါ်လာအတု ပြုလုပ်မှုပါ။ ဒဂုံမြို့နယ် တရားရုံးမှာ ပတ္တမြားအတုတွေ တရားမဝင် ယူဆောင်လာမှုနဲ့ သူ့ကို ထပ်မံ တရားစွဲဆိုထားတယ်” ဟု ၎င်းက ဆိုသည်။