News

POST TYPE

NEWS

မြို့သစ်တွင် လိုင်စင်မဲ့ကေတီဗီဖွင့်သူကို ရဲဖမ်း
17-Feb-2019

ချောက်၊ ဖေဖော်ဝါရီ ၁၇

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့၊ တလုပ်ကျေးရွာအုပ်စု ကံကြီးကျေးရွာတွင် ခွင့်ပြုလိုင်စင်မရှိဘဲ ကေတီဗီ (အခန်း ၄ ခန်း) ဖွင့်ထားသည်ကိုတွေ့ရှိရ၍ ဆိုင်ရှင်ဖြစ်သူ မြို့သစ်မြို့၊ ကွက်သစ်ရပ်နေသူ ကိုကျော်ဝင်းဟန်(၃၀ နှစ်ခန့်)ကို ဖေဖော်ဝါရီ ၁၅ ရက် ညပိုင်းက ဖမ်းဆီးထားကြောင်း ယင်းမြို့ ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

ကေတီဗီကိုစစ်ဆေးရာ အခန်း (၁)မှ အမျိုးသားသုံးဦး၊ အမျိုးသမီးတစ်ဦး၊ အခန်း (၂)မှ အမျိုးသားနှစ်ဦး၊ အမျိုးသမီးနှစ်ဦးတို့သည် အခန်းအနောက်ဘက်သို့ ထွက်ပြေးသွားကြောင်း၊ ယင်းအခန်းများ၏အနောက်ဘက် ၎င်းတို့နေထိုင်ရာ အိပ်ခန်းများအတွင်းသို့ရှာဖွေရာ အမျိုးသမီး ၁၂ ဦး ထပ်မံတွေ့ရှိရကြောင်း ရဲမှတ်တမ်းအရ သိရှိရသည်။

ထို့ကြောင့် မြို့နယ်ထွေအုပ် ဒုဦးစီးမှူး ဦးခင်မောင်ဇင်က တရားလိုလုပ်ပြီး ခွင့်ပြု လိုင်စင်မရှိဘဲ ကေတီဗီဖွင့်သူ ကိုကျော်ဝင်းဟန် (ခ) ကျော်သူနိုင်ကို ဥပဒေအရအရေးယူပေးရန်တိုင်ကြားသဖြင့် မြို့သစ် မြို့မရဲစခန်း က ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေပုဒ်မ ၃၂ (က)ဖြင့်အမှုဖွင့်အရေးယူ ထားကြောင်း ယင်းရဲစခန်းထံမှ သိရှိရသည်။ 

R-24