News

POST TYPE

NEWS

ပုသိမ်တွင် အမျိုးသမီး ချောတိုင်တက်ပွဲ ကျင်းပ
13-Feb-2019


ပုသိမ်၊ ဖေဖော်ဝါရီ ၁၃

ပုသိမ်မြို့ အမှတ် (၇) ရပ်ကွက်တွင် ကျင်းပသော ၁၀၄ နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲ၌ အမျိုးသမီး ချောတိုင်တက်ပွဲနှင့် ခေါင်းအုန်းရိုက် (အုန်းသီးရိုက်) ပြိုင်ပွဲကို ထည့်သွင်းကျင်းပခဲ့သည်။

အမျိုးသမီးများ၏ အခန်းကဏ္ဍကို မြှင့်တင်နိင်ရန်၊ အမျိုးသမီးများ၏ တန်းတူ အခွင့်အရေးနှင့် အမျိုးသမီးများ၏ စွမ်းဆောင်ရည်ကို ဖော်ဆောင်နိုင်ရန်အတွက် ထည့်သွင်းကျင်းပခြင်းဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေး ကော်မတီဝင် ဦးမြဝင်းက ပြောသည်။

ဖေဖော်ဝါရီ ၁၃ ရက်နေ့ နံနက်ပိုင်းနှင့် နေ့လယ်ပိုင်းတွင် ပုသိမ်မြို့ရှိ တက္ကသိုလ် အသီးသီးက ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များ၊ ကျောင်းသားကျောင်းသူများက ပဲပြုတ်၊ နံပြားကို ပုသိမ်မြို့တွင်း ရပ်ကွက်များတွင် ပြုလုပ်သော ပျော်ပွဲရွှင်ပွဲများတွင် လိုက်လံကျွေးမွေးဧည့်ခံခဲ့ကြသည်။

အလားတူ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် တိုင်းအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများကို ကျင်းပခဲ့သည်။

R-12