POST TYPE

NEWS

ကျိုင်းတုံတွင် စာအုပ်ဈေးရောင်းပွဲတော် ကျင်းပ
20-Jan-2019



ကျိုင်းတုံ၊ ဇန်နဝါရီ ၂၀

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ပထမဆုံးအကြိမ်အဖြစ် ဇန်နဝါရီ ၁၇ ရက်မှ ၂၁ ရက်နေ့အထိ ငါးရက်ကြာ စာအုပ်ဈေးရောင်းပွဲတော် ကျင်းပနေကြောင်း ယင်းဌာနဌာနမှူး ဦးသန်းမြင့်က ပြောကြားသည်။

ယင်းပြပွဲတွင် စိတ်ကူးချိုချိုစာအုပ်တိုက်မှထွက်ရှိသည့် ပညာရေးနှင့် သက်ဆိုင်သည့် စာအုပ်စာပေများ၊ သုတရသစာပေများ၊ ဂန္တဝင်နှင့် သမိုင်းစာအုပ်များ စသည်တို့ကို ပင်ရင်းဈေးနှုန်းများအတိုင်း ရောင်းချလျက်ရှိသည်။

တိုင်းရင်းသားမျိုးနွယ်စုပေါင်း များစွာနေထိုင်သည့် ကျိုင်းတုံမြို့ရှိ စာပေအရောင်းဆိုင်များတွင် သယ်ယူစရိတ်ကြီးမြင့်မှုကြောင့် စာအုပ်များကို ပင်ရင်းဈေးနှုန်းထက် ကြီးမြင့်စွာဝယ်ယူနေရကြောင်း၊ ယခုကဲ့သို့ စာအုပ်ဈေးရောင်းပွဲများ မကြာခဏပြုလုပ်ပေးပါက လိုချင်သည့်စာအုပ်များကို ပင်ရင်းဈေးနှုန်းအတိုင်း စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်၍ ကောင်းမွန်ကြောင်း ယင်းမြို့ဒေသခံများက ပြောကြားသည်။

R-16

ဓာတ်ပုံ - ရန်နိုင်