News

POST TYPE

NEWS

တာချီလိတ်တွင် ကုန်တင်ယာဉ်တိမ်းမှောက်၊ ယာဉ်မောင်းသေဆုံး
17-Jan-2019

ကျိုင်းတုံ၊ ဇန်နဝါရီ ၁၇

ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ် မော်တွီရွာနှင့် အားရဲရွာသွား လမ်းပေါ်တွင် ဇန်နဝါရီ ၁၆ ရက် နံနက် ၉ နာရီခန့်က ၁၀ ဘီးကုန်တင်ယာဉ်တစ်စီး တိမ်းမှောက်၍ ယာဉ်မောင်း သေဆုံးခဲ့ကြောင်း ကျိုင်းတုံမြို့ ပြည်နယ်ဒုတိယ ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“ကုန်းအတက်မှာ နောက်ပြန်လိမ့်ကျပြီး မှောက်တာပါ။ ဒဏ်ရာရတဲ့ ယာဉ်မောင်းကို ဆေးရုံပို့ပေးခဲ့ပေမယ့် ဆေးရုံအရောက်မှာ ဆုံးသွားတယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါဖြစ်စဉ်တွင် ယာဉ်မောင်းဖြစ်သူ အောင်ဆုတင် (၃၀ နှစ်) သည် ဝဲနားသွေးထွက်၊ နှာခေါင်းသွေးထွက်၊ ပါးစပ်သွေးထွက်ဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး ၎င်းကို ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၀၄-က ဖြင့် အရေးယူထားကြောင်း တာချီလိတ်မြို့မရဲစခန်းထံမှ သိရသည်။

R-16