News

POST TYPE

NEWS

တောင်ဒဂုံ၌ လွတ်လပ်ရေးအကြို ဘောလုံးပွဲ အားပေးရင်း ရုတ်တရက် လဲကျသေဆုံး
27-Dec-2018
ရန်ကုန်၊ ဒီဇင်ဘာ ၂၆

ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ ၅၆ ရပ်ကွက်၊ ရတနာထိပ်ခေါင်လမ်းရှိ ဘောလုံးကွင်းတွင် ဒီဇင်ဘာလ ၂၅ ရက် ညနေပိုင်းက ရပ်ကွက်ဘောလုံးပွဲကို အော်ဟစ်အားပေးနေသူ အမျိုးသားတစ်ဦး ရုတ်တရက်လဲကျကာ သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

“လာမယ့်လွတ်လပ်ရေးနေ့အတွက် ရပ်ကွက်ထဲမှာ ဘောလုံးပွဲတွေ ကျင်းပနေချိန် ဘောပွဲကြည့်နေတဲ့ အမျိုးသားတစ်ယောက်က အော်ဟစ်အားပေးနေရင်း ရုတ်တရက် သေဆုံးသွားတာပါ။ ဇနီးဖြစ်သူပြောစကားအရဆို သေဆုံးသွားသူမှာ နှလုံးရောဂါ ရှိတယ်လို့ သိရတယ်”ဟု ရဲအရာရှိတစ်ဦးက ပြောကြားသည်။ 

သေဆုံးသူ အသက် ၃၉ နှစ် အမျိုးသားမှာ ၅၆ ရပ်ကွက်၊ နဝရတ်ကိုးသွယ်လမ်းတွင် နေထိုင်သူဖြစ်ပြီး အရက်သောက်တတ်ကြောင်းနှင့် နှလုံးရောဂါရှိ၍ ပြင်ပဆေးခန်းတွင် ဆေးကုသမှုခံယူနေသူဟု ၎င်း၏ဇနီးထံမှသိရပြီး ပြင်ပဒဏ်ရာမရှိဘဲ သေဆုံးသူ၏ရုပ်အလောင်းကို သင်္ဃန်းကျွန်း စံပြဆေးရုံသို့ပို့အပ်ကာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ် မဟုတ် သိရှိရန် သေမှု သေခင်းအမှတ်စဉ်ရေးဖွင့် စစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03