POST TYPE
NEWS
တနိုင်းရှိ မသန်စွမ်း ၁၅၀ ဦးကို ထောက်ပံ့ငွေပေးအပ်
20-Dec-2018
မြစ်ကြီးနား၊ ဒီဇင်ဘာ ၁၉
တနိုင်းမြို့နယ်အတွင်း မသန်စွမ်း ၁၅၀ ဦးကို တစ်ဦးလျှင် ကျပ်သုံးသောင်းစီဖြင့် စုစုပေါင်း ၄၅ သိန်းကျပ်ကို ပထမဆုံးအနေနှင့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ယင်းမြို့နယ်မှ ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းက ပြောကြားသည်။
“ကလေး လူကြီး အားလုံးပါတယ်။ စစ်ရှောင်လည်းပါတယ်။ အရင်တုန်းက မထောက်ပံ့ခဲ့ဘူး”ဟု ၎င်းကဆိုသည်။
အဆိုပါထောက်ပံ့ငွေကို ပြည်ထောင်စု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးက ပေးအပ်ခြင်းဖြစ်ပြီး တနိုင်းမြို့ပေါ် ၆ ရပ်ကွက်၊ မကောအုပ်စု၊ တိန်ကောက်အုပ်စုနှင့် ကောင်ရာအုပ်စုများမှ မသန်စွမ်းသူ စုစုပေါင်း ၁၅၀ ဦးကို ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ကြောင်း ဦးဇော်ဝင်းက ဆက်လက်ပြောကြားသည်။
R-06
- VIA
- Voice Admin
- SOURCES
- The Voice
-
26-Jan-2021
-
25-Jan-2021
-
25-Jan-2021
-
25-Jan-2021
-
25-Jan-2021
-
25-Jan-2021