News

POST TYPE

NEWS

ထားဝယ်တွင် ကမ်းဝေးငါးဖမ်းလှေ စစ်ဆေးရေးစခန်း ဖွင့်မည်
21-Nov-2018

ထားဝယ်၊ နိုဝင်ဘာ ၂၀

ကမ်းဝေးငါးဖမ်းလှေများကို စစ်ဆေးနိုင်မည့် စစ်ဆေးရေးစခန်း (check point) ကို ထားဝယ်ခရိုင်အတွင်းဖွင့်ရန် စီစဉ်နေကြောင်း တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနရုံးထံမှ သိရသည်။ထားဝယ်တွင် ကမ်းဝေးငါးဖမ်းလှေ စစ်ဆေးရေးစခန်း ဖွင့်မည်

ထားဝယ်၊ နိုဝင်ဘာ ၂၀

ကမ်းဝေးငါးဖမ်းလှေများကို စစ်ဆေးနိုင်မည့် စစ်ဆေးရေးစခန်း (check point) ကို ထားဝယ်ခရိုင်အတွင်းဖွင့်ရန် စီစဉ်နေကြောင်း တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနရုံးထံမှ သိရသည်။

ကမ်းဝေးငါးဖမ်းလှေများကို စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ စနစ်တကျ စီမံခန့်ခွဲနိုင်ရန် ထားဝယ်မြို့ရှိ ထားဝယ်မြစ်ဘေး ဆိပ်ကမ်းတစ်နေရာတွင် စစ်ဆေး ရေးစခန်းဖွင့်မည်ဖြစ်ကြောင်း တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိက ဆိုသည်။

ထားဝယ်မြစ်အတွင်းဝင်ရောက်ရန် အခက်အခဲရှိသည့် ငါးဖမ်းလှေများကိုမူ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်းရှိ စမ်းလှမ်းကျေးရွာတွင် ရွေ့လျားအဖွဲ့ဖြင့် စစ်ဆေးပေးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

စစ်ဆေးရေးစခန်းတွင် ငါးလုပ်ငန်းဦးစီးဌာနအပါအဝင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ အကောက်ခွန်၊ ရေကြောင်းပို့ဆောင်ရေး၊ လဝက အစရှိသည့် ဌာနငါးခုက ပူးပေါင်းစစ်ဆေးမည်ဖြစ်သည်။

လက်ရှိတွင် ပါဝင်စစ်ဆေးမည့် ဌာနများ စုပေါင်းကာ အစည်းအဝေးလုပ်ထားပြီး လုပ်ငန်းအစီအမံကို တိုင်းဒေသကြီးအစိုးရထံ တင်ပြမည်ဖြစ်ကြောင်း အထက်ပါဦးစီးအရာရှိက ဆိုသည်။

“အစိုးရကို တင်ပြဖို့တော့ စီစဉ်နေတယ်၊ ၂၀၁၉ ခုနှစ်အတွင်းတော့ ဖွင့်ဖြစ်မှာပါ” ဟု ၎င်းက ပြောသည်။

ကမ်းဝေးငါးဖမ်းလှေများ ကမ်းသို့ဝင်ရောက်ခြင်း၊ ထွက်ခွာခြင်းများအတွက် စစ်ဆေးရေးစခန်းသို့ ဝင်ရောက်သတင်းပို့ စစ်ဆေးခံရမည်ဖြစ်ပြီး ပါဝင်သည့်ဌာနများက သက်ဆိုင်ရာကဏ္ဍအလိုက် စစ်ဆေးမည်ဖြစ်ကြောင်း အထက်ပါဌာနမှ ဦးစီးအရာရှိက ဆိုသည်။

စစ်ဆေးရေးစခန်းလုပ်မည် ဆိုပါက ငါးဖမ်းကွက်နှင့်နီးသည့် လောင်းလုံးကျွန်းဆွယ် အနောက်ဘက်တွင် ရေအတက်အကျမရွေး၊ ရာသီမရွေးဆိုက်ကပ်နိုင်မည့် ဆိပ်ခံတံတားတစ်ခုရှိရန် လိုအပ်မည်ဖြစ်ကြောင်း ထားဝယ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကျော်ကျော်သက်က ဆိုသည်။

“Jetty (ဆိပ်ခံတံတား) တစ်ခု ကောင်းကောင်းလိုတယ်၊ မရှိရင်တော့ အဆင်မပြေဘူး” ဟု ဦးကျော်ကျော်သက်က ပြောသည်။

ပင်လယ်ပြင်အတွင်း ကမ်းဝေးငါးဖမ်းလှေများ ငါးတစ်ကြိမ်ထွက်ဖမ်းပါက အများဆုံးရက်ပေါင်း ၆၀ အထိ ခွင့်ပြုထားပြီး သတ်မှတ်ရက်ပြည့်ပါက အနီးဆုံးစစ်ဆေးရေးစခန်းတွင် ဝင်ရောက်သတင်းပို့ပြီး ဆီ၊ ရိက္ခာများဖြည့်တင်းကာ နောက်တစ်ခေါက် ပြန်ထွက်ခွင့်ရကြောင်း အထက်ပါ ဌာနထံမှ သိရသည်။

လက်ရှိတွင် ထားဝယ်ခရိုင်အတွင်း ကမ်းဝေးငါးဖမ်းလှေများ ဆီ၊ ရိက္ခာအတွက် ကမ်းသို့ဝင်ရောက်/ထွက်ခွာပါက နီးစပ်ရာ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနများထံ သတင်းပို့သည့်စနစ်ဖြင့် ခွင့်ပြုနေရာမှ ယခုကဲ့သို့ စစ်ဆေးရေးစခန်းဖွင့်ရန် ပြင်ဆင်လာခြင်းဖြစ်သည်။

တနင်္သာရီတိုင်းအတွင်း မြိတ်ခရိုင် နှင့် ကော့သောင်းခရိုင်တွင် စစ်ဆေးရေး စခန်းများ ဖွင့်လှစ်ထားသည်။

Dawei Watchားဝယ်မြစ်အတွင်းဝင်ရောက်ရန် အခက်အခဲရှိသည့် ငါးဖမ်းလှေများကိုမူ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်းရှိ စမ်းလှမ်းကျေးရွာတွင် ရွေ့လျားအဖွဲ့ဖြင့် စစ်ဆေးပေးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

Dawei Watch