POST TYPE

NEWS

ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အခမ်းအနား မကွေးတွင်ကျင်းပ
20-Nov-2018


ချောက်၊ နိုဝင်ဘာ ၂၀

ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗန်းရှင်း ၂၉ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကို မကွေးမြို့ မြို့တော်ခန်းမတွင် ယနေ့(နိုဝင်ဘာ ၂၀ ရက်) ကျင်းပခဲ့သည်။

ကလေးသူများအတွက် မေတ္တာတရားသည် အရေးကြီးသည့် အရင်းအနှီးတစ်ခုဖြစ်ပြီး ငွေကြေးမှာ ၎င်းတို့အတွက် ရုပ်ပိုင်းဆိုင်ရာအရ ပံ့ပိုးပေးနိုင်ကြောင်း ဥယျာဉ်မှူး မူလတန်းကြိုကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ယဉ်ကြည်က မှတ်ချက်ပေးသည်။

“မေတ္တာတရား မပါဘူးဆိုရင် ကလေးတွေရဲ့ ဖွံ့ဖြိုးတိုးတတ်မှုဟာ ကျွန်မတို့ အဓိက လူသားတစ်ယောက် ရသင့်တာ မရတဲ့အတွက်ကြောင့် ဖွံ့ဖြိုးမှုကို ထိခိုက်နိုင်ပါတယ်”ဟု ဒေါ်ယဉ်ကြည်ကပြောသည်။

ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံ သဘောတူးစာချုပ်ကို ၁၉၈၉ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်တွင် ကုလသမဂ္ဂ အထွေထွေ ညီလာခံက အတည်ပြုခဲ့သည်။ 

ကလေးသူငယ်အခွင့်ရေးများဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ်ကို နိုင်ငံပေါင်း ၁၉၁ နိုင်ငံက လက်မှတ်ရေးထိုးပြီး ၁၉၉၁ ခုနှစ်တွင် မြန်မာနိုင်ငံအစိုးရက အဖွဲ့ဝင်နိုင်ငံအဖြစ် လက်မှတ်ရေးထိုးခဲ့သည်။ 

သဘောတူစာချုပ်တွင် အပိုဒ် ၅၄ ခုပါပြီး ၄၃ မှ အပိုဒ် ၅၃ အထိသည် ကလေးသူငယ်များ ၎င်းတို့၏ အခွင့်အရေးများရစေရန် အစိုးရများနှင့် နိုင်ငံတကာ အဖွဲ့များက မည်သို့လုပ်ငန်း ဆောင်ရွက်မည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားခြင်းဖြစ်သည်။

အဆိုပါ အခမ်းအနားတွင် မူကြိုကျောင်း ၁၂ ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက တေးသီချင်း၊ ကဗျာ၊ ပြဇာတ်များဖြင့် သရုပ်ဖော်ကပြ၍ SCVG အဖွဲ့က နောက်မကျသေးသော နောင်တများ ပြဇာတ်ကို တင်ဆက်ခဲ့သည်။

R-24/23