POST TYPE
NEWS
အဆိုတော်ရသ အပါအဝင် သုံးဦးကို ပုဒ်မ ၁၉(က)ဖြင့် စွဲချက်တင်
20-Nov-2018
မန္တလေး၊ နိုဝင်ဘာ ၁၉
စိတ်ကြွဆေးပြားများ တွေ့ရှိမှုဖြင့် အဆိုတော်ရသ အပါအဝင် သုံးဦးကို မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၁၉(က) ဖြင့် မန္တလေးခရိုင်တရားရုံးက နိုဝင်ဘာလ ၁၉ ရက်တွင် စွဲချက်တင်လိုက်သည်။
ဩဂုတ်လ ၁၄ရက်က ချမ်းမြသာစည်မြို့နယ် ထွန်တုံးရပ်ကွက်ရှိ ဟိုတယ်တစ်ခု၌ စိတ်ကြွဆေးပြား ၁၆၀၀ ကျော်နှင့်အတူ အဆိုတော်ရသနှင့် အမျိုးသမီးတစ်ဦး၊ အမျိုးသားတစ်ဦးတို့ကို ဖမ်းမိခဲ့ပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးနှိမ်နင်း ရေး ဥပဒေ ပုဒ်မ ၁၉(က)။၂၁ တို့ဖြင့် အမှုဖွင့်ကာ တရားရင်ဆိုင်နေရသည်။
အဆိုပါအမှုနှင့် ပတ်သက်၍ တရားလိုပြသက်သေ ၁၅ ဦးအနက် ၉ ဦးမြောက် တရားလိုပြသက်သေဖြစ်သော အမှုစစ်အရာရှိ ရဲအုပ်ဝင်းပိုင်ကို စစ်ဆေးပြီးချိန်တွင် အမှုမှန် ပေါ်ပေါက်နေသည့်အတွက် ဥပဒေအရာရှိက ကျန်တရားလိုပြသက်သေ ၆ ဦးကို ပယ်ချခဲ့သည်။
ယင်းနောက် နိုဝင်ဘာလ ၁၉ ရက် ရုံးချိန်တွင် အမှုနှင့်ပတ်သက်၍ ပုဒ်မ ၁၉ (က) ဖြင့်သာ ဆက်လက်စစ်ဆေးရန် တရားရုံးက စွဲချက်တင် အမိန့်ချခဲ့ပြီး လာမည့် နိုဝင်ဘာလ ၂၆ ရက်တွင် တရားရုံးက ထပ်မံ ချိန်းဆိုထားသည်။
M-04
- VIA
- Voice Admin
- SOURCES
- The Voice
-
19-Feb-2019
-
19-Feb-2019
-
19-Feb-2019
-
19-Feb-2019
-
19-Feb-2019
-
19-Feb-2019
-
15-Feb-2019