News

POST TYPE

NEWS

ကမ္ဘောဇဘဏ် ၇ နှစ်ဆက်တိုက် ဝင်ငွေခွန်အများဆုံးထမ်းဆောင်
15-Nov-2018


ရန်ကုန်၊ နိုဝင်ဘာ ၁၅

ကမ္ဘောဇဘဏ်သည် ၂၀၁၁-၂၀၁၂ အခွန်စည်းကြပ်နှစ်မှ ၂၀၁၇-၂၀၁၈ အခွန်စည်းကြပ်နှစ်အထိ ၇ နှစ်ဆက်တိုက် ဝင်ငွေခွန် အများဆုံးထမ်းဆောင်ခဲ့ကြောင်း ယင်းဘဏ်က ထုတ်ပြန်သည်။

ဝင်ငွေခွန်အများဆုံးထမ်းဆောင်ခဲ့ကြသော ကုမ္ပဏီများအနက် ကျပ်ငွေ ၂၆ ဒသမ ၄ ဘီလီယံကို ထမ်းဆောင်ခဲ့ပြီး တစ်နိုင်ငံလုံးတွင် ပထမနေရာမှ ဝင်ငွေခွန်အများဆုံးထမ်းဆောင်သော ကုမ္ပဏီအဖြစ် ကမ္ဘောဇဘဏ်က ရပ်တည်ခဲ့ခြင်းဖြစ်သည်။

ကမ္ဘောဇဘဏ်သည် အခွန်စည်းကြပ်နှစ်အလိုက် ၂၀၁၁-၂၀၁၂ ခုနှစ်အတွက် ဝင်ငွေခွန်ကျပ်ငွေ ၆ ဒသမ ၀၁၅ ဘီလီယံကျော်၊ ၂၀၁၂-၂၀၁၃ ခုနှစ်အတွက် ဝင်ငွေခွန်ကျပ်ငွေ ၁၀ ဒသမ ၈၂၇ ဘီလီယံကျော်၊ ၂၀၁၃-၂၀၁၄ ခုနှစ်အတွက် ဝင်ငွေခွန်ကျပ်ငွေ ၁၇ ဒသမ ၀၆၂ ဘီလီယံကျော်၊ ၂၀၁၄-၂၀၁၅ ခုနှစ်အတွက် ဝင်ငွေခွန်ကျပ်ငွေ ၂၂ ဒသမ ၀၁၄ ဘီလီယံကျော်၊ ၂၀၁၅-၂၀၁၆ ခုနှစ်အတွက် ဝင်ငွေခွန်ကျပ်ငွေ ၂၃ ဒသမ ၁၁၅ ဘီလီယံကျော်၊ ၂၀၁၆-၂၀၁၇ ခုနှစ်အတွက် ဝင်ငွေခွန်ကျပ်ငွေ ၂၈ ဒသမ ၀၄၂ ဘီလီယံကျော်၊ ၂၀၁၇-၂၀၁၈ ခုနှစ်အတွက် ဝင်ငွေခွန်ကျပ်ငွေ ၂၆ ဒသမ ၄ ဘီလီယံကျော်တို့ကို ထမ်းဆောင်ခဲ့ပြီး တစ်နိုင်ငံလုံးတွင် ပထမနေရာမှ ၇ နှစ်ဆက် အများဆုံးထမ်းဆောင်ခဲ့သည်။