POST TYPE
NEWS
ကုန်သွယ်မှုလိုငွေ ကန်ဒေါ်လာ သန်း ၃၇၀ နီးပါးရှိ
14-Nov-2018
ရန်ကုန်၊ နိုဝင်ဘာ ၁၄
ယခု ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်သစ် တစ်လကျော်ကာလအတွင်း ကုန်သွယ်မှုလိုငွေပမာဏမှာ အမေရိကန်ဒေါ်လာသန်း ၃၇၀ နီးပါးရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။
ယခုနှစ်လိုငွေပြသမှု ပမာဏသည် ပြီးခဲ့သည့်နှစ် ကာလတူကအောက် အမေရိကန်ဒေါ်လာ သန်း ၄၀ နီးပါးလျော့ကျလျက်ရှိပြီး ကုန်သွယ်မှုတွင် ပို့ကုန် တင်ပို့မှုပမာဏလည်း ယခင်နှစ်ကထက် မြင့်တက်သကဲ့သို့ သွင်းကုန်မှာလည်း ယခင်နှစ်ကထက် များပြားလျက်ရှိကြောင်း ယင်းဝန်ကြီးဌာန၏ ကုန်သွယ်မှု ကိန်းဂဏန်းများအရ သိရသည်။
"ကျွန်တော်တို့ ကုန်သွယ်မှုလိုငွေလျော့ကျစေဖို့အတွက် ပို့ကုန်ဘယ်လိုတိုးမြှင့်ရမလဲဆိုတာကို ပုဂ္ဂလိကနဲ့ပေါင်းပြီး အလေးပေးလုပ်ဆောင်ပါတယ်"ဟု စီးပွား/ကူးသန်းဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောဆိုသည်။
ကုန်သွယ်မှုလိုငွေ ပြသမှုများပြားပါက ငွေကြေးဖောင်းပွခြင်း၊ ကျပ်ငွေတန်ဖိုးကျဆင်းခြင်း၊ နိုင်ငံခြားငွေဈေးများမြင့်တက်ခြင်းနှင့် ကုန်ဈေးနှုန်းမြင့်တက်ခြင်းများကို ဖြစ်ပေါ်စေနိုင်ကြောင်း စီးပွားရေးပညာရှင်များက ဆိုသည်။
ယခုဘဏ္ဍာနှစ် အောက်တိုဘာလ ၁ ရက်မှ နိုဝင်ဘာလပထမပတ်အတွင်းအထိ ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်း ၁၂၇၀ ကျော်နှင့် သွင်းကုန်ပမာဏ အမေရိကန်ဒေါ်လာသန်း ၁၆၄၀ ကျော်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။
S-04
- VIA
- Htun Myat Thu
- SOURCES
- The Voice
-
19-Feb-2019
-
19-Feb-2019
-
19-Feb-2019
-
19-Feb-2019
-
19-Feb-2019
-
19-Feb-2019
-
15-Feb-2019