News

POST TYPE

NEWS

နောက်အိမ်ထောင်ပြုသော ခင်ပွန်းကို တစ်လင်တစ်မယားဥပဒေဖြင့် အမှုဖွင့်
12-Nov-2018


မိတ္တီလာ၊ နိုဝင်ဘာ ၁၂

မန္တလေးတိုင်း သာစည်မြို့နယ် နွားထိုးကျေးရွာတွင်နေထိုင်သော အိမ်ထောင်ရှင်အမျိုးသားတစ်ဦးသည် မှတ်ပုံတင်လုပ်ရန်ဟု အကြောင်းပြကာ ဇာတိမြေသို့ပြန်သွားပြီး နောက်အိမ်ထောင်ပြုထားသဖြင့် ဇနီးဖြစ်သူက အောက်တိုဘာလ ၁၁ ရက်နေ့တွင် တစ်လင်တစ်မယားဥပဒေဖြင့် အမှုဖွင့်တိုင်ကြားခဲ့ကြောင်း ယင်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

သာစည်မြို့နယ် နွားထိုးကျေးရွာမှ အသက် ၃၄ နှစ်အရွယ် အမျိုးသမီး၏ခင်ပွန်းဖြစ်သူ ကိုသန်းဇော်ထွေးသည် မှတ်ပုံတင်လုပ်ရန်ဟုဆိုကာ အောက်တိုဘာလ ၂၆ ရက်နေ့က ပျော်ဘွယ်မြို့နယ် ဧကရာဇ်ကုန်းရွာသို့ ပြန်သွားခဲ့ကြောင်း၊ ထိုသို့ပြန်သွားပြီးနောက် ကိုသန်းဇော်ထွေးသည် အသက် ၂၅ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးနှင့် နောက်အိမ်ထောင်ပြုထားသည်ကို သိရှိသွားသောကြောင့် ယခုကဲ့သို့ အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း မှုခင်းမှတ်တမ်းအရ သိရသည်။

အဆိုပါတိုင်ကြားချက်နှင့်ပတ်သက်၍ အသက် ၂၄ နှစ်အရွယ်ရှိ ကိုသန်းဇော်ထွေးကို သာစည်မြို့နယ် ညောင်ရမ်းစခန်းက (ပ) ၃၁/၂၀၁၈ တစ်လင်တစ်မယားစနစ် ဥပဒေပုဒ်မ - ၁၃ ဖြင့် အမှုဖွင့်ပေးထားသည်။

R-01