News

POST TYPE

NEWS

တာလေတွင် တရားပြဆရာမကို ညီအစ်ကိုနှစ်ဦးက အဓမ္မကျင့်
25-Sep-2018


ကျိုင်းတုံ၊ စက်တင်ဘာ ၂၅

ရှမ်းအရှေ့ တာလေမြို့ မိုက်ဟိုဆန်ခါရွာအနီး တောင်ယာတဲတွင် တရားပြဆရာမကို ကြိုးတုပ်အဓမ္မကျင့်ခဲ့သည့် ညီအစ်ကိုနှစ်ဦးကို ဖမ်းထားကြောင်း ကျိုင်းတုံမြို့ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူးရုံး ရဲအရာရှိတစ်ဦးက ပြောသည်။

ရဲအရာရှိက “ဓမ္မဆရာမက အိမ်ထောင်ရှိ အမျိုးသမီးလို့သိရတယ်။ အခုလ ၂၁ ရက် ညနေမှာ သူတောထဲကပြန်လာချိန် ညီအကိုနှစ်ယောက်ရဲ့ တောင်ယာငရုတ်ခင်းထဲမှာ သူ့ဝက်ဝင်လို့မောင်းခိုင်းပြီး ငရုတ်သီးခူးခိုင်းရင်းကနေ အဓမ္မကျင့်ခံရတာပါ”ဟု ရှင်းပြသည်။

တရားပြဆရာမ (၄၂နှစ်ခန့်) ကို အဓမ္မကျင့်ရာတွင် ကြိုးတုပ်ကူညီပေးသူ အားတု (၂၃ နှစ်) နှင့် အဓမ္မကျင့်ခဲ့သူ လီယာ (၃၅) နှစ်တို့ ညီအစ်ကိုနှစ်ဦးကို ရာဇသတ်ကြီး ပုဒ်မ ၃၇၆၊ ၃၄၂၊ ၁၁၄ ဖြင့် အမှုဖွင့် ဖမ်းထားခြင်းဖြစ်ကြောင်း တာလေနယ်မြေရဲစခန်းမှ သိရှိရသည်။

R-16


  • VIA