News

POST TYPE

NEWS

ထိုင်းနိုင်ငံ၌ လူကုန်ကူးခံရသည့် အမျိုးသမီးငယ် ၁၃ ဦးကို မိဘထံပြန်အပ်မည်
19-Sep-2018

ကျိုင်းတုံ၊ စက်တင်ဘာ ၁၉

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် လူကုန်ကူးခြင်းခံရသည့် အသက် ၉ နှစ်ခန့်အရွယ် မိန်းကလေးငယ်အပါအဝင် ဆယ်ကျော်သက်အရွယ် အမျိုးသမီးငယ် ၁၃ ဦးကို မိဘထံပြန်အပ်မည်ဖြစ်ကြောင်း ကျိုင်းတုံမြို့ အမှတ်(၁၈) လူကုန်ကူးမှုတားဆီး ကာကွယ်ရေးတပ်ဖွဲ့စုမှူး ရဲမှူးမီမီကိုက ပြောကြားသည်။

"ထိုင်းဘက်မှာ ဘယ်လိုလုပ် လူကုန်ကူးခံရသလဲ ဆိုတာနဲ့ ပြစ်မှုကျူးလွန်သူတွေ ဘယ်သူဆိုတာသိရအောင် အသေးစိတ် စစ်ဆေးနေဆဲပါ။ ရန်ကုန်က အသက် ၉ နှစ်ခန့်အရွယ် ကလေးမလေးကတော့ သူ့အဒေါ်တွေကတစ်ဆင့် ထိုင်းဘက်ရောက်ပြီး ဈေးရောင်းရင်းက ရဲအဖမ်းခံရတယ်လို့ ကနဦး သိရသေးတယ်"ဟု ၎င်းက ဆိုသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် လူကုန်ကူးခံရာမှ ဖမ်းဆီးရမိခဲ့သည့် အသက် ၉ နှစ်ခန့်မှ ၂၆ နှစ်အရွယ် မြန်မာမိန်းကလေးငယ် ၁၃ ဦးကို စက်တင်ဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် ထိုင်းနိုင်ငံတာဝန်ရှိသူ များက မြန်မာနိုင်ငံဘက်သို့ လွှဲပြောင်း ပေးအပ်ခဲ့၍ ကျိုင်းတုံမြို့ အမျိုးသမီး သက်မွေး အတတ်ပညာသင်ကျောင်း၌ ခေတ္တ ထိန်းသိမ်းစောင့်ရှောက်ကာ ပြစ်မှုကျူးလွန်သူများကို စုံစမ်းနေကြောင်း ကျိုင်းတုံမြို့ အမှတ်(၁၈) လူကုန်ကူးမှုတားဆီးကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

R-16