POST TYPE
NEWS
မင်းတုန်းတွင် ဆေးခြောက်ရွက် အစိုများ ဖမ်းမိ
19-Sep-2018
ပြည်၊ စက်တင်ဘာ ၁၉
မင်းတုန်းမြို့နယ်၊ လင်ဘန်းကျေးရွာအုပ်စု၊ လင်ဘန်းကျေးရွာတွင် စက်တင်ဘာလ ၁၉ ရက် နံနက် ၈ နာရီခန့်က နေအိမ်တစ်အိမ်ကို ဝင်ရောက်ရှာဖွေရာ ဆေးခြောက်ရွက်အစို သုံးမတ်သားခန့် ကာလတန်ဖိုး ၂၁၉၆ ကျပ်ဖိုးကို ဖမ်းဆီးရမိခဲ့ကြောင်း မြောက်ပြင် ရဲကင်းစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
"မြို့နယ်မှူးက တိုက်ရိုက်ချပေးတဲ့ သတင်းဖြစ်တယ်။ ဒါကြောင့် နေအိမ်အတွင်း မူးယစ်ဆေးဝါး ရှာဖွေခွင့်ဝရမ်းအမှတ်၁။၂၀၁၈ နဲ့ဝင်ရှာတာပါ။ မရှာခင် ကျွန်တော်တို့ကို အရင်အရှာခံပါတယ်"ဟု ရဲအုပ်သူရိန်အောင်က ပြောဆိုသည်။
အမြင်ရှင်းစေရန် အရပ်သားသက်သေများနောက်မှသာ လိုက်ရှာပြီး လိုအပ်သည့်နေရာများကိုလည်း ရှာပေးရန်သာ ပြောဆိုခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
"ကျွန်တော်ကတော့ လုပ်ကြံတယ်လို့ ထင်တယ်။ တောထဲမှာ အလေ့ကျပေါက်တယ်။ တစ်ခါတလေတွေ့တယ်။ ဒီအရွက် အစိုက ဘာမှလုပ်မဖြစ်ဘူး။ ဒီလိုသာ လုပ်ကြံရင် ရွာလည်း စည်းလုံးရေး ပျက်တော့မယ်"ဟု ဖမ်းဆီးခံရသူ၏ ဖခင်ကပြောဆိုသည်။
အဆိုပါဆေးခြောက်အစို သုံးမတ်သားခန့်လက်ဝယ်တွေ့ရှိမှုဖြင့် မှတ်ကြီး(ခေါ်)ကျော်မိုးဦးကို မူးယစ်(ပ)၂/၂၀၁၈ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဥပဒေပုဒ်မ ၁၆(ဂ)ဖြင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
ယင်းကျေးရွာမှာ ဆေးခြောက်ပြုလုပ်သည့် အလေ့ကျပေါက်ပင်များ ရှိတတ်ကာ ပြီးခဲ့သည့်နှစ်အတွင်းကလည်း ဆေးခြောက်ဖြင့် ဖမ်းဆီးခံရသူရှိပြီး လတ်တလော ပဲခူးတိုင်းပြည်ခရိုင်တရားရုံးတွင် အဆိုပါ ရွာသားတစ်ဦး ဆေးခြောက်မှုနှင့် တရား ရင်ဆိုင်ရဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
M-06
- VIA
- Voice Admin
- SOURCES
- The Voice
-
23-Feb-2019
-
23-Feb-2019
-
23-Feb-2019
-
23-Feb-2019
-
23-Feb-2019
-
23-Feb-2019
-
15-Feb-2019