News

POST TYPE

NEWS

ကျိုင်းတုံတွင် ဓားကိုင်သောင်းကျန်းသူကို ဖမ်းဆီး
14-Sep-2018


ကျိုင်းတုံ၊ စက်တင်ဘာ ၁၄

ကျိုင်းတုံမြို့ အမှတ် ၄ ရပ်ကွက် မြို့ပတ်လမ်းပေါ်တွင် စက်တင်ဘာ ၁၃ ရက် ည ၉ နာရီခန့်က အရက်မူးပြီး ဆဲဆိုကာ ဓားကိုင်သောင်းကျန်းသူကို ဖမ်းဆီးထားကြောင်း ကျိုင်းတုံမြို့မရဲစခန်း နယ်ထိန်း ဒုရဲအုပ်ဇင်မင်းလတ်က ပြောသည်။

ဓားကိုင်၍ ပတ်ဝန်းကျင်မှလူများကို လိုက်လံရန်ပြုတိုက်ခိုက်သော်လည်း တစ်ဦးတစ်ယောက်မျှ ဒဏ်ရာရခြင်းမရှိကြောင်း၊ သတင်းအရ ရဲတပ်ဖွဲ့က သွားရောက်ဖမ်းဆီးရာတွင် ထွက်ပြေးသဖြင့်လိုက်ဖမ်းရာ ဖမ်းမိခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

ဓားကိုင်သောင်းကျန်းသူမှာ စိုင်းလာ (၂၈) နှစ် ဆိုသူဖြစ်ပြီး ၎င်းကို အရိုးအသွား ၂၃ လက်မနှင့် ဗျက် ၁ လက်မရှိ ဓားရှည်တစ်ချောင်းနှင့်ဖမ်းမိခဲ့ပြီး လက်နက်ပုဒ် ၁၉ (င) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ကျိုင်းတုံမြို့မရဲစခန်းထံမှ သိရှိရသည်။

R-16



  • VIA