News

POST TYPE

NEWS

iPhone Xs၊ iPhone XsMax နှင့် iPhone XR တို့ကို အက်ပဲလ်မိတ်ဆက်
13-Sep-2018


- မျက်နှာပြင် ၅ ဒသမ ၈ လက်မ XS ၊ ၆ ဒသမ ၅ လက်မ XS Max နှင့် ၆ ဒသမ ၁ လက်မ XR သုံးမျိုး
- သုံးမျိုးစလုံး iPhone X စတိုင် ထိပ်အကွေးလေးနှင့် မျက်နှာဖတ်စနစ်ပါဝင်မည်
- Xs နှင့် Xs Max တွင် LED မျက်နှာပြင်သုံးထားသော်လည်း ဈေးအနည်းငယ် နိမ့်သည့် XR တွင် LCD သာ သုံးထား
- XR ကို အရောင်သွေးစုံရနိုင်ပြီး Xs နှင့် Xs Max တွင် ရွှေရောင်ရနိုင်
- XR တွင် ကျောကင်မရာတစ်လုံးသာပါဝင်
- Xs က ဒေါ်လာ ၉ ၉ ၉ က စမည်၊ Xs Max က ၁၀၉ ၉ မှ စမည်၊ XR က 749 မှ စမည်
- Dual Sim စနစ်ပါဝင်လာ၊ တရုတ်ဗားရှင်းတွင် ဆင်းမ်နှစ်ကတ်ထည့် ၍ ရမည်

စက်တင်ဘာလ ၁၂ ရက်နေ့ က အက်ပဲလ်ရဲ့ ပစ္စည်းသစ်မိတ်ဆက်ပွဲမှာ ပေါက်ကြားထားတဲ့ သတင်းတွေအတိုင်း အိုင်ဖုန်းသုံးမျိုး မိတ်ဆက်သွားပါတယ်။ သုံးမျိုးစလုံးမှာ A12 Bionic ပရောဆက်ဆာ၊ True Dept ကင်မရာ၊ Face ID စနစ် တို့ပါဝင်ပါတယ်။ ဒီပွဲမှာ ကောင်းသွားတာကတော့ ECG ဆွဲနိုင်တယ်ဆိုတဲ့ မျက်နှာပြင်ပိုကျယ် (အရွယ်ပိုမကြီးဘဲ ဘောင်အပြည့်ဖြစ်သွားတဲ့ Apple Watch Series 4 ကလည်း စိတ်ဝင်စားစရာကောင်းခဲ့ပါတယ်။

iPhone Xs နဲ့ Xs Max

Xs က မနှစ်က X နဲ့ တော်တော်တူပါတယ်။ အရွယ်အစား ၈ ဒသမ ၅ လက်မ၊ ရုပ်ထွက် 2456x1125 ဆိုတာတွေမှာ တူပေမဲ့ မျက်နှာပြင်က ပိုပြီး ရုပ်လုံးသွက်တယ်၊ စတီရီယိုစနစ်ပိုကောင်းလာတယ်ဆိုပါတယ်။ X လိုပဲ အဖြူနဲ့အနက် အပြင် ရွှေရောင်ပါရနိုင်မှာပါ။

ထွက်ဖူးသမျှ iPhone တွေထဲမှာ မျက်နှာပြင် အကြီးဆုံးဖြစ်တဲ့ Xs Max ရဲ့ကိုယ်ထည် ဟာ iPhone 8 Plus အရွယ်အတိုင်းပဲဆိုပေမဲ့ ဘောင်အပြည့်ဖြစ်သွားတဲ့အတွက် ၆ ဒသမ ၅ လက်မတောင်ရှိလာပါတယ်။

ဖုန်နဲ့ ရေစိုခံမှုမှာ IP68 ဖြစ်လာတဲ့အတွက် iPhone X တို့ 8 တို့ထက်ကို ပို လုံခြုံသွားပါတယ်။ ရေနှစ်မီတာ (၆ ပေကျော် အနက်) မှာ မိနစ် ၃၀ ခံပြီး ကလိုရင်းပါတဲ့ရေ၊ ဆားငန်ရေတွေထဲမှာပါ စမ်းသပ်ထားတယ်လို့ဆိုပါတယ်။

မျက်နှာဖတ်စနစ်ကတော့ ပိုမြန်လာပါတယ်။ နှစ်မျိုးစလုံးမှာ ကျောကင်မရာနှစ်လုံးနဲ့ဖြစ်ပြီး ကင်မရာတွေကို အဆင့်ပိုမြှင့်ထားပါတယ်။ ဗီဒီယိုရိုက်ကူးရာမှာ စတီရီယို အသံဖမ်းစနစ်ပါလာပါတယ်။

ဘက်ထရီက iPhone Xs Max မှာ အရင် X ထက် တစ်နာရီခွဲ ပိုခံမယ်လို့ဆိုပါတယ်။

Dual Sim ဖြစ်လာတာကတော့ ပရိသတ်အသံကို နားထောင်ပေးလိုက်တယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ တစ်ကတ်က eSIM ဖြစ်နေတဲ့အတွက် ဒီမှာ အဆင်ပြေ၊ မပြေမသိသေးပါဘူး။ ဒါပေမဲ့ တရုတ်မှာ eSIM မရတဲ့အတွက် ဆင်းမ်နှစ်ကတ်ထိုးလို့ရတဲ့အလုံး ဖြန့်ပေးမှာဖြစ်တဲ့အတွက် ဒီမှာ တရုတ်ဗားရှင်းဆို ပိုအဆင်ပြေမလား မပြောတတ်ပါ။

နှစ်မျိုးစလုံးမှာ 64GB, 256 GB, 512 GB သုံးမျိုး ထွက်မှာဖြစ်ပြီး ဈေးက Xs မှာ ဒေါ်လာ ၉ ၉ ၉ က စပြီး Xs Max မှာ ဒေါ်လာ ၁၀၉ ၉ ကစပါမယ် စက်တင်ဘာ ၁၄ မှာ စမှာလို့ရပြီး ၂၁ မှာ စရောင်းမှာဖြစ်ပါတယ်။

iPhone XR

iPhone X က စလို့ တစ်ထောင်ဈေး ဖြစ်သွားလို့ ဘောင်ပြည့်ဖုန်း ဝယ်ဖို့ တွန့်သွားတဲ့ ပရိသတ်အတွက် ဈေးနည်းနည်းသက်သာတဲ့ ဗားရှင်းကိုလည်း ထုတ်ပေးဖို့ အက်ပဲလ်က မမေ့ခဲ့ပါတယ်။

X နဲ့ တူပေမဲ့ ဒီဖုန်းက နည်းနည်းပိုကြီးပါတယ်။ ၆ ဒသမ ၁ လက် မ ဖန်သားပြင်ကို LCD သုံးပြီး ဝိတ်လျှော့ထားပါတယ်။ ရုပ်ထွက် နည်းနည်းပိုနိမ့်သွးပါတယ်။ 3D Touh မပါပါဘူး၊ နောက်တစ်ချက်က ကျောကင်မရာတစ်လုံးတည်းဖြစ်နေပါတယ်။

ဒါတွေဝိတ်လျှော့်လိုက်သလို သိုမှီနိုင်စွမ်းကလည်း 64GB, 128 GB, 256GB သုံးမျိုး လာပြီးဈေးက ဒေါ်လာ ၇၄၉ က စပါမယ်။ ဒေါ်လာ ၂၅၀ နဲ့ လျှော့လိုက်တဲ့ ဖန်ရှင်တွေက တော်တော်များပေးမဲ့ အရောင် ခြောက်ရောင် ရောင်စုံရနိုင်တာက တော့ စိတ်ဝင်စားစရာကောင်းပါတယ်။ ဒါပေမဲ့ တစ်ချိန်က 5C တို့၊ မနှစ်က 8 နဲ့ 8 Plus တို့လို ပိုကောင်းတဲ့၊ ဈေးလည်း ပိုကြီးတဲ့ ပစ္စည်းကို ပဲ ဝယ်ဖြစ်သွားအောင် “ချူတဲ့ဖုန်း” လည်း ဖြစ်နိုင်ပါတယ်။ XR လေးပဲ ဝယ်ပါမယ်ဆိုပြီး ဆိုင်ရောက်သွားရင် Xs ကို ပဲ လက်က မချနိုင်ဖြစ်ဖို့ရှိပါတယ်။ ဒီလိုနဲ့ Xs Max ကို ပိုကြိုက်မိပါလိမ့်မယ်၊ ရွှေရောင်က တော့ အာရှမှာ လူကြိုက်ပိုများဖို့ရှိပါတယ်။

iPhone 7 နဲ့ 8 တွေကိုလည်း ဈေးချလိုက်ပါတယ်။