News

POST TYPE

NEWS

မိုင်းခတ်တွင် နေအိမ်တစ်လုံးမီးလောင်
05-Sep-2018


ကျိုင်းတုံ၊ စက်တင်ဘာ ၅

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းခတ်မြို့နယ် ဖာလန်ကော်ကျေးရွာအုပ်စု တောင်သုံးလုံးရွာတွင် ယနေ့(စက်တင်ဘာ ၅ ရက်) နံနက် ၁၀ နာရီခန့်က ဆိုလာမီးမှတစ်ဆင့် မီးလောင်မှုဖြစ်ပေါ်ခဲ့ကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။

ထိုသို့မီးလောင်ခြင်းကြောင့် ပေ ၃၀ ပတ်လည်သွပ်မိုး၊ အုတ်ညှပ်တစ်ထပ် နေအိမ်တစ်လုံးနှင့် ဆိုင်ကယ်တစ်စီး မီးလောင်ဆုံးရှုံးခဲ့သော်လည်း လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာမရခဲ့ဘဲ မီးဘေးသင့် မိသားစု ၇ ဦးအနေဖြင့် နီးစပ်ရာ ဆွေမျိုးများအိမ်တွင် နေထိုင်နေကြောင်း ဖာလန်ကော်ကျေးရွာအုပ်စု စာရေးဦးဇော်ဇော်အောင်က ပြောကြားသည်။

ယင်းမီးလောင်မှုနှင့်ပတ်သက်၍ နေအိမ်ပိုင်ရှင် ဦးမောင်စိုး (၄၆ နှစ်)ကို (ပ) ၁၆/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း မိုင်းခတ်မြို့မရဲစခန်းထံမှ သိရသည်။

R-16


  • VIA