POST TYPE
NEWS
ဆန်နှင့် သကြား တရုတ်အဝယ်ရပ်
04-Sep-2018
ရန်ကုန်၊ စက်တင်ဘာ ၃
တရုတ်နိုင်ငံဘက်၌ နယ်ခြားစောင့် တပ်အပြာင်းအလဲကြောင့် အဖမ်းအဆီးများရှိ၍ စက်တင်ဘာလ ၁ ရက်နေ့မှစ၍ ဆန်၊ သကြားများကို တရုတ်က အဝယ်ရပ်တန့်ထားကြောင်း ဆန်နှင့်သကြား ကုန်သည်များထံမှ သိရသည်။
ဆန်၊ သကြားများနှင့် အခြားလယ်ယာထွက်ကုန်များကို တရုတ်က အဝယ်ရပ်တန့်ထားခြင်းဖြစ်ကြောင်း ယင်းကုန်သည်များထံမှ သိရသည်။
“တရုတ်ဘက်မှာ နယ်ခြားစောင့်တပ် ချိန်းတော့ သကြားရော၊ ဆန်ရော ဝယ်တာ ရပ်ထားတယ်။ သူတို့ဖမ်းမှာ ကြောက်တော့ အပေးအယူတွေနဲ့ညှိနှိုင်းပြီး သေချာမှ ဝယ်ကြမှာပေါ့။ တရုတ်ဘက်က ပြန်ဝယ်ရင်တော့ ဒီမှာလည်း ဈေးနည်းနည်းပြန် တက်နိုင်တယ်”ဟု ဘုရင့်နောင်ကုန်စည်ဒိုင် အတွင်းရေးမှူး ဦးသန်းဦးက ပြောကြားသည်။
တရုတ်နိုင်ငံဘက်က ပြန်လည်ဝယ်ယူပါက တရုတ်ယွမ်ငွေလဲနှုန်းများ မြင့်တက်နေသည့်အတွက် ပြည်တွင်းရှိ ဆန်၊ သကြား ဈေးနှုန်းများ ပြန်လည်မြင့်တက်နိုင်ကြောင်း ကုန်သည်များက ပြောဆိုသည်။
“တရုတ်ကိုပို့တာကတော့ ကျပ်လိုက်၊ ချောင်လိုက်ပါပဲ။ အခုစစ်ဆေးရေးတွေနဲ့ လုံခြုံရေးကျပ်တော့ ဈေးနည်းနည်းကျ တယ်။ ဆန်၊ သကြား၊ ပြောင်းက ဒီဘက်မှာ တရားဝင်ပေမယ့် သူတို့ဘက်မှာ တရားမဝင်ဘူး” ဟု သကြားကုန်သည် ဦးလှမောင်က ဆိုသည်။
မူဆယ်-တရုတ်နယ်စပ်တွင် ဩဂုတ်လ နောက်ဆုံးအပတ်က သကြား ၅၀ ကီလိုဂရမ် တစ်အိတ်လျှင် ၁၈၈ ယွမ်ရှိရာမှ စက်တင်ဘာလ ၁ ရက်နေ့မှစကာ ယွမ် ၁၇၀ ဝန်းကျင်သာရှိကြောင်း ယင်းကုန်သည်များထံမှ သိရသည်။
“ဆန်က မူဆယ်လမ်းကြောင်းက သိပ်မဝယ်တော့ ဝယ်သူတွေကလည်း ဈေးညှိပြီးထိန်းဝယ်နေတယ်။ ၂၅ မှတ် ဆန်ကတော့ လိုအပ်ချက်ရှိလို့ အရောင်းအဝယ်ကောင်းတယ်။ ၅ မှတ်ဆန်တွေကတော့ အရောင်းမသွက်ဘူး။ အရောင်းအဝယ်အေးတယ်”ဟု ဘုရင့်နောင်ကုန်စည်ဒိုင် အတွင်းရေးမှူး ဦးသန်းဦးက ပြောဆိုသည်။
J-11
- VIA
- Thura Htun
- SOURCES
- The Voice
-
16-Feb-2019
-
16-Feb-2019
-
16-Feb-2019
-
16-Feb-2019
-
16-Feb-2019
-
16-Feb-2019