News

POST TYPE

NEWS

ကိုရီးယားကမ္ဘာ့ခရီးသွားပြပွဲ ပြခန်းအကောင်းဆုံးဆု မြန်မာရ
20-Jun-2018
ရန်ကုန်၊ ဇွန် ၂၀

ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ကျင်းပခဲ့သည့် ကမ္ဘာ့ခရီးသွားပြပွဲတွင် မြန်မာနိုင်ငံ ခရီးသွားပြခန်းသည် အကောင်းဆုံးပြခန်း ဖွင့်လှစ်ဆောင်ရွက်နိုင်မှုဆု (The Best Booth Operation Awardိ) ကို ပထမဆုံး ရရှိခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။

“ကိုရီးယားမှာဆိုရင်တော့ ဒီဆုက ပထမဆုံးအကြိမ်ပါ။ မနှစ်က ကမ္ဘောဒီးယားမှာတုန်းကတော့ တစ်ခါရဖူးတယ်။ ဒီနှစ်ပွဲမှာက ခင်းကျင်းမှုပုံစံအပြင်ကို မြန်မာ အစားအစာတွေပါ ဧည့်ခံခဲ့တော့ ဒီဆုရတယ်လို့ထင်တယ်”ဟု အဆိုပါဝန်ကြီးဌာန ဈေးကွက်မြင့်တင်ရေးဌာန တာဝန်ရှိသူတစ်ဦးကဆိုသည်။

ကိုရီးယား ကမ္ဘာလှည့်ခရီးသွားပြပွဲတွင် နိုင်ငံပေါင်း ၇၀ မှ ဝင်ရောက်ခင်းကျင်းပြသခဲ့ခြင်းဖြစ်ပြီး ဇွန်လ ၁၄ ရက်မှ ၁၇ ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး အဆိုပါပြပွဲတွင် ရန်ကုန်၊ မန္တလေး၊ ပုဂံနှင့် ကမ်းခြေဧရိယာများကို အဓိက ဈေးကွက်မြှင့်တင်ခဲ့ခြင်းဖြစ်ကြောင်း ဈေးကွက်မြင့်တင်ရေးဌာနထံမှ သိရသည်။

အဆိုပါဆုသည် ခင်းကျင်းပြသမှုနှင့် ပြခန်းလာရောက်သူများအား နိုင်ငံအကြောင်း ရှင်းလင်းပြသနိုင်မှုတို့အတွက် ပေးအပ်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ပြခန်း၌ မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများ၊ မြန်မာ့ရှုခင်းအလှများ၊ ယဉ်ကျေးမှုပုံစံများ၊ ပင်လယ်ကမ်းခြေများနှင့် မြန်မာ့ရိုးရာ အစားအစာများ၊ အသီးအနှံပုံများကို နောက်ခံဒီဇိုင်းများ ပြုလုပ်၍ ခင်းကျင်းပြသခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံက ဂျပန်နှင့်ကိုရီးယားနိုင်ငံများမှ ခရီးသွားများကို ယခုနှစ် အောက်တိုဘာမှစ၍ ဗီဇာကင်းလွတ်ခွင့်ပြုမည်ဖြစ်ပြီး တရုတ်နိုင်ငံမှ ခရီးသွားများကို ဆိုက်ရောက် ဗီဇာစနစ်ဖြင့် ဝင်ရောက်ခွင့်ပြုရန် စီစဉ်လျက်ရှိသည်။

J-14