News

POST TYPE

NEWS

ကဗူး(လ်)မြို့တွင် ISIS ၏ အသေခံဗုံးဖောက်ခွဲမှုကြောင့် လူ ၈၀ သေဆုံး၊ ၂၃၀ ကျော် ပြင်းထန်ဒဏ်ရာရ
24-Jul-2016

အာဖဂန်နစ္စတန်နိုင်ငံ ကဗူး(လ်)မြို့တွင် ဇူလိုင် ၂၃ ရက်(စနေ့နေ့)တွင် ဟာဇာရာ ရှီးရိုက် လူနည်းစုဝင်များ စုရုံးဆန္ဒထုတ်ဖော်နေစဉ် ISIS အဖွဲ့က အသေခံ ဗုံးနှစ်လုံး ပေါက်ကွဲခဲ့ရာ အနည်းဆုံး လူ ၈၀ သေဆုံးပြီး ၂၃၀ ကျော် ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့သည်ဟုဆိုသည်။

ထောင်ပေါင်းများစွာသော ဟာဇာရာ လူနည်းစုဝင်များသည် ၎င်းတို့ နေထိုင်ရာအနီးတွင် ဒေါ်လာ မီလျှံချီ ပိုက်လိုင်းဖောက်လုပ်မှု အပေါ် ဆန့်ကျင်ကန့်ကွက်သည့် အနေဖြင့် ဆန္ဒထုတ်ဖော်ကြချိန်တွင် ယခုကဲ့သို့ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အာဖဂန်နစ္စတန် ဗဟိုထောက်လှမ်းရေးမှ ဗုံးဖောက်ခွဲသူမှာ နမ်ဂါဟာပြည်နယ် အချင်းခရိုင်တွင် အခြေချနေထိုင် သည့် IS စစ်သွေးကြွ အဗူအလီဆိုသူက စီစဉ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဗုံးဖောက်ခွဲမှုတွင် လူသုံးယောက် ပါဝင်သည် ဟုလည်း ဆိုသည်။

“ကျွန်တော်တို့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေချိန်မှာ ဖြစ်ပွားခဲ့တာပါ။ ပေါက်ကွဲမှုဖြစ်ပွားပြီး တဲ့နောက်မှာ လူတိုင်းဟာ ကြောက်လန့်တကြားဖြစ်ပြီး ထွက်ပြေးသွားကြတယ်” ဟု ဆန္ဒပြပွဲပါဝင်ခဲ့သည့် မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် လူ ၈၀ ဦးသေဆုံးခဲ့ပြီး ၂၃၁ ဦး ထိခိုက်ဒဏ် ရာရခဲ့ကာ ဒေသဆေးရုံများတွင် အရေးပေါ် ကုသမှုခံယူလျက်ရှိသည်ဟု အာဖဂန်နစ္စတန် ပြည်ထဲရေးဝန်ကြီးက ဆိုသည်။

ဟာဇာရာ ရှီးရိုက်လူနည်းစုအပေါ် အဆိုးရွားဆုံးတိုက်ခိုက်မှုမှာ ၂၀၁၁ ခုနှစ်  ဒီဇင်ဘာလက အရူရာပြည်နယ် ရှီးရိုက်ပွဲတော် ကျင်းပနေစဉ်အတွင်း ဖြစ်ပြီး လူပေါင်း ၅၅ ဦးအထက် သေဆုံးခဲ့သည်။ ယင်းတိုက်ခိုက်မှုကို ပါကစ္စတန်နိုင်ငံမှ ဆွန်နီ စစ်သွေးကြွအုပ်စုဖြစ်သည့် လက်(ရှ်)ကာအီဂျန်ဗီက လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ 

Source: Reuter