News

POST TYPE

NEWS

မသန်စွမ်းသူများအတွက် အခမဲ့ကွန်ပျူတာနည်းပြသင်တန်း ဖွင့်မည်
06-Jun-2018
ရန်ကုန်၊ ဇွန် ၅

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် The Nippon Foundation တို့ ပူးပေါင်း၍ မသန်စွမ်းသူများအတွက် အခမဲ့ ကွန်ပျူတာနည်းပြသင်တန်းကို ဇွန်လ၂၀ ရက်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းလူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာကေသီကျော်က ပြောကြားသည်။

အဆိုပါ သင်တန်းကို တက်ရောက်လိုသူများအနေနှင့် ၂၀၁၈ ခုနှစ်၊ ဇွန်လ ၇ ရက်နောက်ဆုံးထား၍ စာရင်းသွင်းရမည်ဖြစ်ပြီး သင်တန်းသားများကို အင်တာဗျူးမေးမြန်းစစ်ဆေးကာ ရွေးချယ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

သင်တန်းကာလမှာ သုံးလကြာမြင့်မည်ဖြစ်ပြီး သင်တန်းကို တက်ရောက်လိုသူများအနေနှင့် အသက် ၂၄ နှစ်မှ ၄၀ ကြား ရှိရမည်ဖြစ်ပြီး အနည်းဆုံး ပညာအရည်အချင်း ၁၀ တန်း ရှိရမည်ဖြစ်သည်။

ကွန်ပျူတာနည်းပြသင်တန်းကို မရမ်းကုန်းမြို့နယ်၊ ချော်တွင်းကုန်းလမ်းဆုံရှိ သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေး ဂေဟာဝင်းအတွင်းတွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး တက်ရောက်လိုသူများအနေနှင့် အမှတ် ၆၄၊ ကမ္ဘာအေးစေတီလမ်းနှင့် ပါရမီလမ်းထောင့်၊ မရမ်းကုန်းမြို့နယ်သို့ စာရင်းပေးသွင်းရမည်ဖြစ်သည်။

J-10


  • VIA