News

POST TYPE

NEWS

မသန်စွမ်းသူများနှင့် မိခင်များအတွက် ကျပ်သိန်း ၇၀၀ ကျော် ထောက်ပံ့
21-May-2018
မုံရွာ၊ မေ ၂၀

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသူများ၊ မိခင်ဝိုင်းများနှင့် သုံးမြွှာပူး မွေးမိခင်များအတွက် ထောက်ပံ့ငွေ ကျပ်သိန်း ၇၀၀ ကျော် ပေးအပ်ခဲ့ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနထံမှသိရသည်။ 

အဆိုပါ ထောက်ပံ့ငွေ ပေးအပ်ပွဲကို မုံရွာမြို့၊ မြို့တော်ခန်းမတွင် မေလ ၂၀ ရက်နေ့က ကျင်းပခဲ့ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ထောက်ပံ့ငွေများ အသီးသီးပေးအပ်ခဲ့သည်။ 

မုံရွာခရိုင်အတွင်းရှိ မသန်စွမ်းသူများ၊ မိခင်ဝိုင်း၊ မုံရွာဘိုးဘွားရိပ်သာ၊ သလ္လာပရဟိတဂေဟာ၊ ချောင်းဦး ဧရိပ်မွန် (၂) ကျောင်း၊ ရောင်ခြည်သစ် မျက်မမြင်ကျောင်း၊ ကသာမြို့နယ်၊ ဟုမ္မလင်းမြို့နယ်၊ ဒီပဲယင်းမြို့နယ်မှ သုံးမြွှာပူးမိခင်များကို စုစုပေါင်းထောက်ပံ့ငွေ ကျပ်သိန်းပေါင်း ၇၀၀ ကျော်အား ပေးအပ်ခဲ့ခြင်းဖြစ်သည်ဟု တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယလက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခင်သီတာအောင်က ပြောကြားသည်။

R-08


  • VIA