POST TYPE
NEWS
ဖုန်းအားသွင်းရင်း ဖုန်းပြောစဉ်ပေါက်ကွဲ၍ လက်ဝါးကြေမွ၊ မျက်စိဒဏ်ရာရ
21-May-2018

မြစ်ကြီးနား၊ မေ ၂၀
ပူတာအိုခရိုင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌဦးရဲတီသည် မေလ ၁၈ ရက်နေ့က ဖုန်းအားသွင်းနေရင်း ဖုန်းပြောရာမှ ဖုန်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိခဲ့သည့်အတွက် ပူတာအိုမြို့ ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေကြောင်း ဆေးရုံသို့ သွားရောက်ကူညီခဲ့သည့် ပူတာအိုဒေသခံ ဦးအောင်ခမ်းက ပြောကြားသည်။
ပူတာအိုမြို့နယ် မကျော့ဝမ်ကျေးရွာနေ ပူတာအိုခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးရဲတီသည် ယင်းနေ့က ဖုန်းကို မီးအားသွင်းရင်း ဖုန်းပြောရာမှ ပေါက်ကွဲမှုဖြစ်၍ လက်ဝဲဘက်လက်ဝါး ကြေမွပျက်စီးခဲ့ပြီး မျက်စိတွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ၎င်းက ပြောဆိုသည်။
“အားသွင်းရင်းနဲ့ ဖုန်းစကားပြောတဲ့ အချိန်ပေါက်ကွဲတာ။ ဖြစ်ဖြစ်ချင်းပဲ ဆေးရုံကိုပို့တော့ လက်ကဖြတ်ရမယ်ပြောလို့ ဘယ်လက်ဝါး ဖြတ်လိုက်ရတယ်။ ပြီးတော့မျက်လုံးက အမှုန်တွေထိလို့မြင်ရပေမယ့် ဝါးနေတာပေါ့”ဟု ဦးအောင်ခမ်းက ဆိုသည်။
လက်ရှိတွင် ၎င်းသည် ပူတာအိုမြို့ ပြည်သူ့ဆေးရုံ၌ အတွင်းလူနာ (မစိုးရိမ်ရ) အဖြစ်ဆေးကုသမှုခံယူလျက်ရှိသည်။
R-06
- SOURCES
- The Voice
-
18-Feb-2019
-
18-Feb-2019
-
18-Feb-2019
-
18-Feb-2019
-
18-Feb-2019
-
18-Feb-2019
-
15-Feb-2019