News

POST TYPE

NEWS

မြန်မာ့ပညာရေး ကောင်းမွန်ရန် အောက်စဖို့ဒ်တက္ကသိုလ် ပူးပေါင်းကူညီမည်
22-Jul-2016 tagged as

ရန်ကုန်၊ ဇူလိုင် ၂၁

မြန်မာနိုင်ငံ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး၊ ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်တင်ရေး အပါအဝင် ကဏ္ဍငါးခုကို ဗြိတိန်နိုင်ငံ၏ ကမ္ဘာကျော် အောက်စဖို့ဒ် တက္ကသိုလ်က ပူးပေါင်းကူညီမည် ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ယင်းတက္ကသိုလ် တာဝန်ရှိသူ ပါမောက္ခ နစ်ရောလင်းစ်တို့ တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်သည်။

အောက်စဖို့ဒ်တက္ကသိုလ် အနေနှင့် ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်တင်ရေး၊ ရေနှင့် ပတ်သက်သည့် ပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ လေ့ကျင့်သင်တန်းပေးရေး၊ ရန်ကုန်မြို့ပြ သယ်ယူပို့ဆောင်ရေးဆိုင်ရာ သုတေသန ပူးပေါင်းဆောင်ရွက်ရေးနှင့် အင်္ဂလိပ်စာ စွမ်းရည်မြှင့်တင်မှု သင်တန်းများပေးရေး ကိစ္စများ ဆွေးနွေးခဲ့ကြောင်း ယင်းသတင်း ထုတ်ပြန်ချက်အရ သိရှိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးလည်း ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် အောက်စဖို့ဒ်တက္ကသိုလ်မှ ဒုတိယအကြီးအကဲ ဖြစ်သူ ပါမောက္ခ နစ်ရောလင်းစ်တို့ ဇူလိုင်လ ၂၁ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ ပညာရေး ဝန်ကြီးဌာနတွင် တွေ့ဆုံစဉ် အဆိုပါ အချက်များကို ဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးထံမှ သိရှိရသည်။


  • TAGS