News

POST TYPE

NEWS

တပ်ချုပ်နှင့် ဒုတပ်ချုပ်တို့ အသက် ၆၅ အထိ တာဝန် ထမ်းဆောင်မည်
21-Jul-2016

ရန်ကုန်၊ ဇူလိုင် ၂၀

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့သည် အသက် ၆၅ နှစ်အထိ တာဝန်ထမ်းဆောင် သွားမည်ဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောကြားသည်။

ရန်ကုန်တိုင်း စစ်ဌာနချုပ် ဇေယျာ သီရိဗိမာန် ရှင်းလင်းဆောင်၌ (ဇူလိုင်လ ၂၀) ရက် မွန်းလွဲ ၂ နာရီက တပ်မတော် သတင်းစာ ရှင်းလင်းပွဲတွင် အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

“၂၀၁၄ ခုနှစ်မှာ(၄/၂၀၁၄) ကကန ကောင်စီကို ထုတ်ပြန်လိုက်တယ်။ ၆၅ နှစ်ထက် မပိုသော ကာလအထိ ထမ်းဆောင်ခွင့်ရှိတယ်”ဟု ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦးက ဆိုသည်။

ဒီမိုကရေစီ ကျင့်သုံးနေတဲ့ စနစ်နှင့် ကိုက်ညီမှုရှိရန် အငြိမ်းစားယူရမည့် အသက်အရွယ် တစ်ခုကို ကန့်သတ်ရန် လိုအပ်ခြင်းကြောင့် ဥပဒေများကို ပြန်လည် ပြင်ဆင်ပြီး (၄/၂၀၁၄)ကို ထုတ်ပြန်လိုက်ခြင်းကြောင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့သည် အသက် ၆၅ နှစ်ထက် မပိုသော ကာလတစ်ခုကို ထမ်းဆောင်ခွင့် ရရှိမည်ဖြစ်ကြောင်း ၎င်းထံမှ သိရသည်။

အလားတူ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၉၁ အရ တပ်မတော်သားများ၏ လုပ်ငန်းသဘော သဘာဝသည် ထူးခြားမှု ရှိသည့်အလျောက် တပ်မတော်သားများအတွက် တပ်မတော်ဆိုင်ရာ ဥပဒေများနှင့်အညီ ဆောင်ရွက်ခွင့်ရှိကြောင်း ဖော်ပြထားသည်ဟု ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦးက ဆိုသည်။

  • VIA