News

POST TYPE

NEWS

၁၀ ကြိမ်မြောက် ကျပ်သိန်းတစ်သောင်းဆုရှင် ထွက်ပေါ်
03-Jan-2018

ရန်ကုန်၊ ဇန်နဝါရီ ၃

၁၀ ကြိမ်မြောက် အောင်ဘာလေထီ ကျပ်သိန်းတစ်သောင်း ကံထူးရှင်သည် ဇန်နဝါရီလ ၃ ရက်နေ့တွင် ပေါ်ထွက်လာပြီဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးမှဖြစ်ကြောင်း မိုးယံရွှေလမင်းနှင့် မြတ်ဆုကုဋေထီလုပ်ငန်းထံမှ သိရသည်။ 

ကျပ်သိန်းတစ်သောင်း ကံထူးရှင်သည် ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်မှ ကိုကောင်းထက်ပိုင်မိုးဆိုသူဖြစ်ပြီး မိုးယံရွှေလမင်းနှင့် မြတ်ဆုကုဋေထီလုပ်ငန်း၏ သန်လျင်ဆိုင်ခွဲမှ မပြုံးပပအောင်ဆိုသူ၏ဆိုင်မှ ဆွတ်ခူးခဲ့ကြောင်း ယင်းလုပ်ငန်းထံမှ သိရသည်။

၎င်းသည် ၁၀ ကြိမ်မြောက် အောင်ဘာလေသိန်းဆုဖွင့်ပွဲ၏ ဂဏန်း တ ၈၆၀၄၁၁ ဖြင့် ဆွတ်ခူးသွားခြင်းဖြစ်ပြီး ယခုဆွတ်ခူးပေးမှုသည် မိုးယံရွှေလမင်းနှင့် မြတ်ဆုကုဋေထီဆိုင်၏ ခြောက်ကြိမ်မြောက်အဖြစ် ကံထူးခဲ့ခြင်း ဖြစ်ကြောင်း ယင်းလုပ်ငန်းထံမှ သိရသည်။ 

ကျပ်သိန်းတစ်သောင်း ကံထူးရှင်များကို ကြေညာရာတွင် ရှေ့နှစ်ကြိမ်က ဆွတ်ခူးသူနှစ်ဦး၏ အမည်များကို ၎င်းတို့၏လုံခြုံရေးအရ လျှို့ဝှက်ပေးထားခဲ့ပြီး ၎င်းတို့၏ လုံခြုံရေးစိတ်ချရသည့်ကာလရောက်ရှိသည့် အောင်ဘာလေသိန်းဆုဌာနမှ ဆုငွေများထုတ်ယူပြီးချိန်မှသာ ထုတ်ပြန်ပေးခဲ့ရကြောင်း အဆိုပါထီလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းပြောကြားသည်။

S-04