News

မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ် မြေတိုင်ကန်ရွာအနီးတွင် ဇူလိုင်လ ၃၀ ရက်နေ့ညက အရက်ဆီဂါလန်ငါးရာ တင်ဆောင်လာသော ၂၂ ဘီးတပ် ကုန်တင်ကားတစ်စီး မီးလောင်သဖြင့် လူနှစ်ဦးသေဆုံးခဲ့ကြောင်း ခရိုင်မီးသတ်ဦးစီးဌာနထံမှ သိရသည်။
မြင့်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီက ပြုပြင်နေသည့် ကျေးရွာချင်းဆက်လမ်းပေါ် ကျူးကျော်၍ ခြံစည်းရိုးခတ်သည်ဟုဆိုကာ လမ်းတံတားဥပဒေဖြင့် အမှုဖွင့်ခံထားရသော ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာမှ ဦးသန်းပိုင်၊ ဒေါ်အေး၊ ဒေါ်မြမြတို့သည် ဇူလိုင်လ ၃၁ ရက်နေ့တွင် ယင်းမြို့နယ်ရဲစခန်းသို့ လာရောက်ကာ အဖမ်းခံခဲ့သည်။
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနမှဝန်ထမ်းများ ခေါက်ရိုးကျိုးနေသည့် အကျိုးဆောင်နှင့် ပွဲစားမလုပ်ရန် ယင်းကော်မတီက သတိပေးလိုက်သည်။
မြန်မာနိုင်ငံအရိုးအကြောအဆစ် ဆေးပညာအဖွဲ့မှ ဆရာဝန်ကြီးများက ဩဂုတ်လ ၄ ရက်နေ့တွင် မိတ္ထီလာပြည်သူ့ ဆေးရုံကြီး၌ အခမဲ့ကုသပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆရာဝန်များ အသင်း (မိတ္ထီလာ) အတွင်းရေးမှူး ဒေါက်တာဦးခင်စိုးက ပြောကြားသည်။
ရှစ်လေးလုံးလူထုအရေးတော်ပုံ နှစ် ၃၀ ပြည့်မည့် ဩဂုတ်လ ၈ ရက်အမီ မန္တလေးမြို့တွင်းလမ်းလေးခု၌ LED မီးလုံးများထွန်းညှိနိုင်ရန် လုပ်ဆောင်နေကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးခိုင်မြင့်က ပြောကြားသည်။
30-Jul-2018 tagged as ရှစ်လေးလုံး
ရှစ်လေးလုံး လူထုအရေးတော်ပုံ နှစ် ၃၀ ပြည့်မည့် ဩဂုတ်လ ၈ ရက်အမီ မန္တလေးမြို့တွင်းလမ်းလေးခု၌ LED မီးလုံးများထွန်းညှိနိုင်ရန် လုပ်ဆောင်နေကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးခိုင်မြင့်က ပြောကြားသည်။
ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊ ပေါင်းတည်မြို့တွင် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး ကြိုးဆွဲချသေဆုံးမှု ဇူလိုင်လ ၃၀ ရက်နေ့ နံနက်ကဖြစ်ပွားခဲ့ကြောင်း ပေါင်းတည်မြို့မရဲစခန်းမှ စုံစမ်းသိရှိရသည်။
အမရပူရမြို့နယ် နတ်ရေကန် ကျေးရွာအုပ်စု ညောင်ပင်စောက်ကွင်းတွင် တည်ဆောက်ထားသော ခေတ်မီ သားသတ်ရုံ၌ တပ်ဆင်ပြီးစီးသွားပြီဖြစ်သည့် ဝက်သားသတ်စက်ကို စမ်းသပ်လည်ပတ်နေပြီဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ ဈေးနှင့်သားသတ်ဌာနထံမှ သိရသည်။
မန္တလေး ပဲ၊ နှမ်း အရောင်းအဝယ် ဈေးကွက်တွင် ထောပတ်ပဲဈေးနှုန်းများ ဆက်တိုက်မြင့်တက်နေပြီး ဇူလိုင်လ ၂၉ ရက်က အမြင့်ဆုံးဈေးသို့ ရောက်ရှိလာခဲ့ကြောင်း ပဲ၊ နှမ်း အရောင်းအဝယ် လုပ်ကိုင်သူများက ပြောဆိုသည်။
ပြီးခဲ့သည့် တစ်ပတ်အတွင်း မြန်မာနိုင်ငံအနှံ့ ရေကြီးမှုကြောင့် အနည်းဆုံး ၁၀ ဦးသေဆုံးခဲ့ပြီး လူတစ်သိန်းခန့် ရေဘေးဒုက္ခသည်အဖြစ် ခိုလှုံနေရကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနက The Voice Daily သတင်းစာသို့ အတည်ပြု ပြောကြားသည်။
မြန်မာပြည်အလယ်ပိုင်း၏ အိုအေစစ်ဟု တင်စားခံထားရသော ပုပ္ပားတောင်ကလပ်ရှိ ရေထွက်များကို ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်မည်ဖြစ်ကြောင်း မန္တလေးတိုင်း လွှတ်တော်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ဦးအေးခိုင်က ပြောကြားသည်။
မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီအနေနှင့် ယာဉ်စည်းကမ်းထိန်းသိမ်းရေးဗဟိုထိန်းချုပ်ခန်း (Control Room) မှ ရရှိလာသော ယာဉ်စည်းကမ်း ဖောက်ဖျက်စာရင်းများအား ယာဉ်ထိန်းရုံးသို့ပေးပို့ကာ အရေးယူမည်ဖြစ်ကြောင်း ဒုတိယမြို့တော်ဝန် ဦးရဲမွန်က ပြောကြားသည်။
မန္တလေးမြို့တော်ရှိ စက်မှုဇုန်တွင် စက်မှုနှင့်အသက်မွေးပညာ ရွေ့လျားသင်တန်းများကို ဩဂုတ်လတွင် ဖွင့်လှစ်မည်ဖြစ်ရာ အခြေခံလျှပ်စစ်ပညာရပ်များ အခမဲ့သင်ပေးမည်ဖြစ်ကြောင်း မန္တလေးစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီရုံးအဖွဲ့မှူး ဦးနိုင်ဦးက ပြောကြားသည်။
ဆုကြေးငွေ ကျပ် ၂၅ သိန်းချီးမြှင့်မည့် ဒီဇိုင်နာပြိုင်ပွဲကို မန္တလေးမြို့တွင် ကျင်းပမည်ဖြစ်ကြောင်း ပွဲစီစဉ်သည့် KMS Life Style မှ တာဝန်ရှိသူများက ပြောဆိုသည်။
မြို့တွင်းမှထွက်ရှိသော အမှိုက်များကို အမှိုက်ကျင်းသို့မစွန့်ပစ်မီ အခေါက်ရေများစွာ သိမ်းဆည်းပေးနိုင်မည့် အမှိုက်လွှဲပြောင်းစခန်းများထားရန် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဒေါက်တာသစ်ဆင်းက အကြံပြုပြောကြားသည်။