News

27-Jan-2019
မန္တလေးတိုင်းဒေသကြီးအစိုးရက မြန်မာနိုင်ငံတွင် e-Government စနစ်၏ လုပ်ငန်းစဉ်တစ်ခုဖြစ်သော နည်းပညာဖြင့် စာရင်းအချက်အလက်များ သိုလှောင် သိမ်းဆည်းသည့်စင်တာ Data Center ကို ဇန်နဝါရီလ ၂၄ ရက်က စတင်ဖွင့်လှစ် ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး e-Government စနစ်အကောင်အထည် ဖော်ဆောင်ရေးကော်မတီထံမှ သိရသည်။
24-Jan-2019
မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်အတွင်းရှိ အရှေ့ဆင်တဲကျောင်းတိုက်အတွင်းမှ လောင်းကစားဒိုင်များကို ယင်းမြို့နယ် သံဃနာယကအဖွဲ့က ဇန်နဝါရီလ ၂၃ ရက်နေ့ မွန်းလွဲပိုင်းက ဖမ်းဆီးခဲ့သည်။
22-Jan-2019
မန္တလေးတိုင်းအတွင်း လိုင်စင်မဲ့ ဧည့်လမ်းညွန်ပပျောက်ရေးအတွက် ရှောင်တစ်ခင်စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း မန္တလေးဧည့်လမ်းညွှန်အသင်းထံမှ သိရသည်။
20-Jan-2019
ကျောင်းသား၊ ကျောင်းသူ နှစ်ရာကျော်ကို ဆေးတက္ကသိုလ်ဝင်ခွင့်ပြုလုပ်ပေးမည်ဖြစ်ကြောင်း လွှတ်တော်တွင်ပြောကြားထားသော်လည်း ယနေ့အချိန်အထိ ဆေးတက္ကသိုလ်သို့ တက်ရောက်ခွင့်မရသေးကြောင်း ကျောင်းသားမိဘများထံမှ သိရသည်။
15-Jan-2019
ပြည်သူများက ၎င်းတို့၏ နစ်နာချက်များနှင့်ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီး ပြည်သူ့ပါတီထံသို့ တိုင်ကြားစာ ၅ စောင် ပေးပို့ထားကြောင်း တိုင်းပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကျော်ကျော်စိုးထံက သိရသည်။
14-Jan-2019
မန္တလေးတိုင်းဒေသကြီး လူငယ်စင်တာ မြေနေရာရရှိရန် တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြထားကြောင်း လူငယ်ရေးရာမူဝါဒ မဟာဗျုဟာအကောင်အထည်ဖော်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးထံမှ သိရသည်။
12-Jan-2019
ပြည်ကြီးတံခွန်မြို့နယ်အတွင်းနေထိုင်သူ အမျိုးသမီးတစ်ဦးကို ဖေ့ဘုတ်ခ်တွင် ခင်မင်ရင်းနှီးသူ အမျိုးသားက တရုတ်နိုင်ငံသို့ခေါ်ယူကာ တရုတ်မယားအဖြစ် ရောင်းချရန် စည်းရုံးခေါ်ဆောင်ခဲ့သည့်အတွက် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သိရသည်။
10-Jan-2019
၂၀၁၈ ခုနှစ်နိုဝင်ဘာလက ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရသူ မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးကို ရွေးကောက်ပွဲအသုံးစရိတ် မမှန်မကန်တင်သွင်းသည်ဟုဆိုကာ တိုင်ကြားမှုနှင့်ပတ်သက်ပြီး ဇန်နဝါရီလ ၁၀ ရက်က စတင်စစ်ဆေးနေကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်ဦးမြင့်နိုင်က ပြောကြားသည်။
10-Jan-2019
မြန်မာတစ်နိုင်ငံလုံးရှိ မော်တော်ဆိုင်ကယ်များတွင် မြန်မာအက္ခရာဖောင်းကြွနံပါတ်အစား အင်္ဂလိပ်အက္ခရာ ဖောင်းကြွနံပါတ်ပြားများဖြင့် ဇန်နဝါရီလ ၁၀ ရက်မှစတင်ကာ မပြောင်းမဖြစ် ပြောင်းလဲအသုံးပြုမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
10-Jan-2019
မန္တလေးမြို့ မဟာမုနိဘုရားကြီး ယာဉ်ရပ်နားကွင်းတွင် ဆင်ဆာစနစ်အသုံးပြု မောင်းတံဂိတ်ကို ဇန်နဝါရီလ ၁ ရက် စတင်အသုံးပြုပြီး ယာဉ်ဝင်ခကောက်ခံလျက်ရှိရာ နေ့စဉ် ကျပ်ဆယ်သိန်းခန့် ကောက်ခံရရှိကြောင်း မဟာမုနိဂေါပကအဖွဲ့ထံမှသိရသည်။
09-Jan-2019
မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် ချောင်းကြီးကျေးရွာအထက် တန်းကျောင်းမှ ကျောင်းဆရာမတစ်ဦးကို အိမ်ထောင်ရေး ဖောက်ပြန်သည်ဟု ဆိုကာ ဇန်နဝါရီလ ၇ ရက်တွင် ခင်ပွန်း ဖြစ်သူက ဓားနှင့်ခုတ်သတ်ခဲ့ကြောင်း ချောင်းကြီးကျေးရွာ ဒေသခံများထံမှ သိရသည်။
08-Jan-2019
မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် ချောင်းကြီးကျေးရွာ အထက်တန်းကျောင်းမှ ကျောင်းဆရာမတစ်ဦးကို အိမ်ထောင်ရေး ဖောက်ပြန်သည်ဟုဆိုကာ ဇန်နဝါရီလ ၇ ရက်တွင် ၎င်း၏ ခင်ပွန်းဖြစ်သူက ဓားဖြင့်ခုတ်သတ်ခဲ့ကြောင်း ချောင်းကြီးကျေးရွာဒေသခံများထံမှ သိရသည်။
08-Jan-2019
မန္တလေးတိုင်းဒေသကြီးတွင် ၂၀၁၈ ခုနှစ်တစ်နှစ်တာအတွင်း မီးလောင်မှု ၂၁၅ ကြိမ်အထိ ဖြစ်ပွားခဲ့ပြီး ကျပ်သိန်း ပေါင်း ၄၃၀၀ ကျော် ဆုံးရှုံးရကြောင်း မန္တလေးတိုင်း မီးသတ်တပ်ဖွဲ့စာရင်းများအရ သိရသည်။
08-Jan-2019
မန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီဥပဒေကို ပြင်ဆင်ရေးဆွဲရာ တွင် ပြည်သူ့အသံ ထည့်သွင်းနိုင်ရန် ဒုတိယ အကြိမ်ပြည်သူ့အသံကြားနာပွဲကို ဇန်နဝါရီလ တတိယပတ်တွင် ပြုလုပ်မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥပဒေ ပြုရေးဆိုင်ရာ ကော်မတီထံမှ သိရသည်။
08-Jan-2019
မန္တလေးနည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး) ဒုတိယနှစ် ကျောင်းသားတစ်ဦးကို ရိုက်နှက်လုယက် လူသတ်ခံရမှုမှ သံသယရှိသူ လေးဦးကို ဇန်နဝါရီလ ၇ ရက်တွင် ပထမဆုံးအကြိမ်အဖြစ် ပြင်ဦးလွင်ခရိုင်တရားရုံးတွင် ရုံးထုတ်ခဲ့သည်။