News

09-Aug-2019
၂၀၂၀ ပြည့်နှစ်တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲအတွက် မဲစာရင်းသွင်းခြင်းလုပ်ငန်းများကို စတင်ပြုလုပ်နေပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။
09-Aug-2019
တောင်ပြုန်းပွဲတော် ကျင်းပသည့်ကာလအတွင်း တောင်ပြုန်းကျေးရွာ အဝင်နှင့် ပွဲတော်သို့သွားရာလမ်းတစ်လျှောက်၌ ရိုးရာတစ်ခုသဖွယ် ပွဲတော်လာသူများထံမှ အလှူခံကြလေ့ရှိရာတွင် ယင်းသို့ တောင်းရမ်းသူများအနက် သင်္ကန်းဝတ်ထားသည့် ကိုရင်များနှင့် သီလရှင်များ ပါလာပါက အရေးယူမည်ဖြစ်ကြောင်း မတ္တရာမြို့နယ်၊ ရဲတပ်ဖွဲ့ထံမှ သိရသည်။
07-Aug-2019
၂၀၂၀ ပြည့်နှစ်အထွေထွေရွေး ကောက်ပွဲအတွက် မဲစာရင်းများကို အိမ်ထောင်စုအလိုက် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။
06-Aug-2019
အသက် ၁၈ နှစ်ပြည့်ပြီးသူ နိုင်ငံသားဦးရေ ထက်ဝက်ရာခိုင်နှုန်းက ၎င်းတို့၏အကျိုးစီးပွားနှင့် အသံများကို ကိုယ်စားပြုသည့်ပါတီမရှိ၊ မသိဟု သဘောထား မှတ်ချက်ပေးထားကြောင်း ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) ၏ ၂၀၂၀ ပြည့်နှစ်အတွက် နိုင်ငံသားများ၏ နိုင်ငံရေးမျှော်မှန်းချက်စစ်တမ်းအရ သိရသည်။
06-Aug-2019
မန္တလေးသို့လာရောက်သည့် တရုတ်ခရီးသွားများကို လေ့လာစောင့်ကြည့်လျက်ရှိရာမှ တရုတ်ခရီးသွားကုမ္ပဏီအချို့ကို စည်းကမ်းတကျ ဖြစ်စေရန် ဆောင်ရွက်ခဲ့ကြောင်း ခရီးသွားလုပ်ငန်းရှင်များ အသင်း (မန္တလေးဇုန်) ထံမှ သိရသည်။
05-Aug-2019
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် စက်မှုဇုန်အတွင်းတွင် မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူ အမျိုးသားတစ်ဦးထံမှ မူးယစ်ဆေးများအပြင် အသက်မဲ့အောင်ပြုလုပ်၍မရဘဲ ပေါက်ကွဲရန်အသင့်ဖြစ်နေသည့် လက်ပစ်ဗုံးတစ်လုံးကိုပါ တွေ့ရှိသိမ်းဆည်းခဲ့ရကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
05-Aug-2019
မန္တလေးသို့လာရောက်သည့် တရုတ်ခရီးသွားများကို လေ့လာစောင့်ကြည့်လျက်ရှိရာမှ တရုတ်ခရီးသွားကုမ္ပဏီအချို့ကို စည်းကမ်းတကျဖြစ်စေရန် ဆောင်ရွက်ခဲ့ကြောင်း ခရီးသွားလုပ်ငန်းရှင်များအသင်း (မန္တလေးဇုန်) ထံမှ သိရသည်။
05-Aug-2019
မန္တလေးမြို့ မဟာအောင်မြေမြို့နယ်အတွင်း အစိုးရအလိုမရှိကြောင်း ရေးသားထားသည့် စတစ်ကာများကို မြန်မာနိုင်ငံလုံးဆိုင်ရာ ဘက်စုံဖိနှိပ်ချုပ်ချယ်မှုလွတ်မြောက်ရေး ပြည်သူ့တပ်ပေါင်းစု အမည်ဖြင့် ဩဂုတ်လ ၃ ရက်နေ့ ညနေပိုင်းက လိုက်ကပ်ခဲ့သည်။
04-Aug-2019
၂၁ ရာစုတွင် အလိုအပ်ဆုံးမှာ အရည်အချင်းရှိသော ပညာရေးဖြစ်ပြီး အရည်အသွေးမြင့်မားသည့် ပညာရေးဖြစ်စေရန် တက္ကသိုလ်များက လုပ်ဆောင်ရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားသည်။
03-Aug-2019
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၃ လမ်းနှင့် ကနောင်မင်းသားကြီးလမ်းရှိ နေအိမ်တစ်အိမ်ကို အဋ္ဌမတန်းကျောင်းသားအပါ လူငယ်ခုနစ်ဦးက ဩဂုတ် ၂ ရက်၊ နံနက် ၂ နာရီကျော်တွင် ဓားပြတိုက်ခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့နှင့် စက်မှုနယ်မြေရဲစခန်းထံမှ သိရသည်။
03-Aug-2019
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ် မြေအတွင်းရှိ ထင်ရှားသည့်ဘုရားတစ်ဆူ ဖြစ်သည့် ရွှေစည်းခုံဘုရားစောင်းတန်းအတွင်းသို့ ပြည်ပခရီးသွားအချို့ ဖိနပ်စီး၍ ဝင်ရောက်မှုရှိနေသည့်အတွက် ယင်းသို့ ထပ်မံမဖြစ်ပွားစေရန် စီစဉ်ဆောင်ရွက်မည်ဖြစ်ကြောင်း ရွှေစည်းခုံဘုရားဂေါပကအဖွဲ့က ပြောကြားသည်။
01-Aug-2019
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် စက်မှုဇုန် ၁ အတွင်းရှိ ဘီယာဆိုင်တစ်ခုတွင် ဇူလိုင်လ ၃၁ ရက်နေ့ ညပိုင်းက ဝိုင်းနှစ်ဝိုင်းမှ လူများစကားများကြပြီး ရိုက်နှက်မှုဖြစ်ပွားကာ တစ်ဦးသေဆုံးသွားခဲ့ကြောင်း စက်မှုနယ်မြေရဲစခန်းမှ သိရသည်။
01-Aug-2019
တရုတ်နိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံသော Gold AYA ကားစက်ရုံက တစ်နှစ်လျှင် ကားအစီးရေ ငါးထောင်ခန့် ထုတ်လုပ် ရောင်းချမည်ဖြစ်ကြောင်း ယင်းစက်ရုံထံမှ သိရသည်။
30-Jul-2019
သရေခေတ္တရာမြို့ဟောင်း၏ အရှေ့ဘက်မြို့ရိုးသည် ယနေ့ ( ဇူလိုင်လ ၃၀ ရက်) နံနက်ပိုင်းက မိုးရွာသွန်မှုကြောင့် ပြိုကျခဲ့ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (သရေခေတ္တရာဌာနစု) က ဒုတိယညွန်ကြားရေးမှူး ဦးကျော်မျိုးဝင်းကပြောကြားသည်။
29-Jul-2019
မကြာမီ အတည်ပြုလာမည့် ကျောက်မျက်ရတနာ နည်းဥပဒေမူကြမ်းတွင် မိုးကုတ်ဒေသခံ လက်လုပ်လက်စားများ လုပ်ကိုင်စားသောက်၍ရရှိပြီး ကျောက်ထွက် နိုင်သည့် လုပ်ကွက် ၃၃ ရာနှုန်းပါသော လုပ်ကွက်များကိုသာ ချထားပေးရန် တောင်းဆိုကြောင်း မိုးကုတ်ဒေသခံများနှင့် ကျောက်မျက် ဥပဒေအကြံပြုကော်မတီက ပြောကြားသည်။