News

28-Jun-2017
အလုပ်သမား အရေးကိစ္စဆောင်ရွက်စဉ် စဉ့်ကိုင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးဝင်းအတွင်း ဆန္ဒထုတ်ဖော်ခဲ့သည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကိုနှင်းအောင်ကို ယင်းမြို့နယ် တရားရုံးက ဇွန်လ ၂၇ ရက်နေ့တွင် ဒဏ်ထောင်နှစ်လ ချမှတ်ခဲ့သည်။
27-Jun-2017
ပုဂံဒေသကို ဇာတ်အိမ်ပြု ရိုက်ကူးခဲ့သည့် ကျွန်ရုပ်ရှင်ကားနှင့် ပတ်သက်၍ ဒေသခံများနှင့် ထုတ်လုပ်သူ၊ ဒါရိုက်တာများအကြား ကြားဝင်ညှိနှိုင်း ဖြေရှင်းပေးခဲ့ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးထံမှ သိရသည်။
26-Jun-2017
ချမ်းမြသာစည်မြို့နယ်ရှိ အိမ်တစ်အိမ်၏တံခါးများနှင့် နေအိမ်အဆောက်အအုံများကို လူတစ်စုက ကားဖြင့် ဝင်တိုက်ခြင်း၊ တုတ်၊ ဓားများဖြင့် ဇွန်လ ၂၅ ရက်နေ့ နံနက် ၃ နာရီခွဲခန့်အချိန်က ရိုက်နှက်ဖျက်ဆီးခဲ့ကြောင်း ယင်းသို့ပြုလုပ်ခြင်းခံရသည့် မိသားစုများထံမှ သိရသည်။
25-Jun-2017
မန္တလေးမြို့ရှိ ရှေးဟောင်းသမိုင်းဝင် အဆောက်အအုံများကို ဧည့်သည် ဝင်ရောက်မှု မြင့်တက်ရန် သမိုင်းကြောင်း ဆိုင်ရာဒေသ (Historical Park) တစ်ခုအဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ် MTF ထံမှ သိရသည်။
25-Jun-2017
မန္တလေးတိုင်းအတွင်းရှိ ရွှေဆိုင်များကို ရွှေအရောင်းပြေစာများတွင် ရွှေ အခွန်အမှတ် တံဆိပ်များ ကပ်ရန် ညွန်ကြားထားပြီးဖြစ်ရာ လိုက်နာခြင်း မရှိသည့်ဆိုင်များကို ဇူလိုင်လကစ၍ အရေးယူမည်ဖြစ်ကြောင်း မန္တလေးတိုင်းအခွန် ဦးစီးဌာနထံမှ သိရသည်။
25-Jun-2017
မန္တလေးမြို့တော်၏ ရတနာပုံညဈေးကို ဇွန်လ ၂၃ ရက်နေ့က စတင်၍ စမ်းသပ်ဖွင့်လှစ်ခဲ့ရာ အဆိုပါ ညဈေးတွင် ရောင်းချသည့် စားသောက်ကုန်များမှာ ဈေးနှုန်းကြီးခြင်း၊ ကျန်းမာရေးနှင့် ကိုက်ညီမှု အားနည်းခြင်း၊ ခရီးကွာဝေးခြင်းတို့ကြောင့် ဒေသခံများက ဝေဖန်ခဲ့ကြသည်။
25-Jun-2017
ပြီးခဲ့သော ပညာသင်နှစ်က တက္ကသိုလ်ဝင်တန်း အောင်မြင်သော ကျောင်းသား ကျောင်းသူများ၏ အမှတ်စာရင်းများကို ရွေ့လျားအဖွဲ့က မန္တလေးမြို့တော်၌ ဇွန်လ ၂၂ ရက်မှ ၂၅ ရက်နေ့အထိ ထုတ်ပေးမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။
24-Jun-2017
တရုတ်နိုင်ငံရှိ ဘဏ်များတွင် ဖွင့်လှစ်ထားသော ဘဏ်စာရင်းများ အပိတ်ခံခဲ့ရသည့် မြန်မာကုန်သည်များက ဆန္ဒထုတ်ဖော်ပြီးနောက်တွင် တရုတ်အစိုးရက ဘဏ်စာရင်းအချို့ကို ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း မူဆယ်အခြေစိုက် ကုန်သည်များထံမှ သိ ရသည်။
23-Jun-2017
မန္တလေးတိုင်း တရားလွှတ်တော်တွင် တရားရင်ဆိုင်နေရသော ပြင်ဦးလွင် မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် မန်ကျည်းအင်း ကျေးရွာသားများအကြား လာဘ်ပေးလဘ်ယူ ကိစ္စများနှင့် ပတ်သက်၍ ချမ်းမြသာစည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူးဟောင်းကို စစ်ဆေးခဲ့ရာ ၎င်း၏ ထွက်ဆိုချက်နှင့် တိုင်ကြားသူတို့အကြား ကွဲလွဲနေကြောင်း အဆိုပါ တရားရုံးထံမှ သိရသည်။
20-Jun-2017
အင်းဝရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်း အဂါရဝဖြစ်စေသည့် အပြုအမူများ ပြုလုပ်ပါက အရပ်ဘက် ဥပဒေများဖြင့် အရေးယူနိုင်ရန် ပြင်ဆင်နေကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေး ဌာနခွဲ) အင်းဝ-ပင်းယဌာနစုထံမှ သိရသည်။
20-Jun-2017
ရတနာပုံတက္ကသိုလ် ကျောင်းသားများ သွားလာရေး အဆင်ပြေနိုင်စေရန်နှင့် ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် မှန်လုံယာဉ်ငယ် (မီနီဘတ်စ်) သုံးစီးဖြင့် ဇွန်လ ၁၉ ရက်နေ့က စတင်ပြေးဆွဲကြောင်း ယင်းတက္ကသိုလ် ယာဉ်လိုင်းပြေးဆွဲရေး ကော်မတီထံမှ သိရသည်။
18-Jun-2017
မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင် အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသားများ၏ နေ့စဉ် ကျွေးမွေးစရိတ် စက်တင်ဘာလကစ၍ တိုးမြှင့်မည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ အကျဉ်းဦးစီးဌာနထံမှ သိရသည်။
16-Jun-2017
ပြင်ဦးလွင်မြို့နယ် အုပ်ချုပ်ရေးမှူး နှစ်ဦး အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုခံထားရရာ ယင်းအမှုနှင့် ပတ်သက်၍ ဇွန်လ ၂၂ ရက်နေ့ ရုံးချိန်းတွင် ချမ်းမြသာစည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူးကို စစ်ဆေးမည် ဖြစ်ကြောင်း မန္တလေးတိုင်း တရားလွှတ်တော်ထံမှ သိရသည်။
14-Jun-2017
မန္တလေးတိုင်းအတွင်း၌ သွေးလွန်တုပ်ကွေးရောဂါ ကပ်ရောဂါအသွင်ဖြင့် နေရာကွက်ကျား ဖြစ်ပွားနိုင်ခြေရှိရာ လက်ရှိအချိန်အထိ ကလေး ၂၀ဝ ကျော် ဖြစ်ပွားနေကြောင်း မန္တလေးတိုင်း ရောဂါပိုးမျိုး သယ်ဆောင်ကာ ပိုးမွှားကောင်များမှတစ်ဆင့် ကူးစက်တတ်သောရောဂါများ ကာကွယ်နှိမ်နင်းရေးအဖွဲ့ (ငှက်ဖျား) ဌာနခွဲထံမှ သိရသည်။
13-Jun-2017
မန္တလေးမြို့ အိုးဘိုထောင်တွင် ချုပ်နှောင်ခြင်း ခံထားရသော ဗကသ ကော်မတီဝင် ကိုနှင်းအောင်က အစာငတ်ခံ ဆန္ဒပြမည့်ရက် ရွှေ့ဆိုင်းထားကြောင်း ၎င်းက ပြောကြားသည်။