News

07-Jul-2017
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဆဲဆိုကြိမ်းမောင်းခဲ့သည့် သင်ပန်းကုန်းရပ်ကွက် အတွင်းရှိ ပြည်ရန်ကျော်ဈေးမှ စည်ပင်ဝန်ထမ်းနှင့် ၎င်း၏ ဇနီးကို ပြည်ကြီးတံခွန်မြို့နယ် တရားရုံးတွင် တရားစွဲဆိုထားမှု ဇူလိုင်လ ၆ ရက်နေ့ နံနက်ပိုင်းက တရားလိုကို ယင်းတရားရုံးက စစ်ဆေးခဲ့သည်။
07-Jul-2017
ပြင်ဦးလွင်မြို့နယ် ပြင်စာကျေးရွာတွင် နေထိုင်သည့် အသက် ၁၂ နှစ်အရွယ် ခုနစ်တန်း ကျောင်းသားတစ်ဦး တရားစွဲဆိုခံရမှု ပြန်လည်ရုပ်သိမ်းပေးမည် ဖြစ်ကြောင်း ပြင်ဦးလွင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးအာကာလင်းက ပြောကြားသည်။
06-Jul-2017
ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း ပြည်ခရိုင် ပန်းတောင်းမြို့နယ်အတွင်းရှိ မသုန်ရွာမကြီးကျေးရွာအတွင်း ကျေးရွာပြည်သူလူထုက တင်မြောက်ထားခြင်းမရှိဟုဆိုကာ အုပ်ချုပ်ရေးမှူးကို ဖြုတ်ချပေးရန် ဆန္ဒပြကြောင်း ဆန္ဒပြသူများက ပြောကြားသည်။
06-Jul-2017
မြို့နယ်တရားသူကြီးကို တရားခွင်တွင် ဖိနပ်ဖြင့် ပစ်ပေါက်မှုဖြင့် အမှုရင်ဆိုင်နေရသော တရားလွှတ်တော်ရှေ့နေ ဦးဇော်ဝင်းက မတ္တရာမြို့နယ် တရားရုံး၏ တရားစီရင်မှုကို အယုံအကြည်မရှိဟု တရားလွှတ်တော်ရှေ့နေ ဦးဇော်ဝင်းက ပြောကြားသည်။
05-Jul-2017
ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ နေအိမ်တစ်ခုအတွင်း ဇူလိုင်လ ၅ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်အချိန်က စိတ်ကြွ မူးယစ်ဆေးပြား ရှစ်သိန်း ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး တပ်ဖွဲ့ခွဲ (တောင်ပိုင်း) ထံမှ သိရသည်။
05-Jul-2017
မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်က မန္တလေးတိုင်းအတွင်း တောင်သူများထံ စိုက်ပျိုးစရိတ် ချေးငွေများ ချေးထားရာ တောင်သူများက ပြန်ဆပ်ရန် လေးနှစ်တာကာလအတွင်း စိုက်ပျိုးစရိတ်ချေးငွေ ကြွေးကျန်ပေါင်း ကျပ်သန်း တစ်သောင်းကျော်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ထံမှ သိရသည်။
05-Jul-2017
မန္တလေးတိုင်းဒေသကြီးလွှတ်တော်တွင် ဇူလိုင်လ ၄ ရက်က ကျင်းပသည့် ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော် ဆဋ္ဌမ ပုံမှန် အစည်းအဝေးတွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ပိုင် ပစ္စည်းများ ရောင်းချခြင်း၊ ငှားရမ်းခြင်းနှင့် အခြားနည်းဖြင့် ဆောင်ရွက်ခြင်းဆိုင်ရာ ဥပဒေကြမ်း ရေးဆွဲနိုင်ရန် တိုက်တွန်းကြောင်းအဆိုကို ချမ်းမြသာစည်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်က တင်သွင်းခဲ့သည်။
04-Jul-2017
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တင်မြှောက်လိုက်၍ ရာထူးနေရာ ရရှိသွားသူများ အနေနှင့် ပါတီအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များကို လျစ်လျူရှုမှုများ တွေ့နေရကြောင်း အဖွဲ့ချုပ် ဗဟိုအတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်က ပြောကြားသည်။
04-Jul-2017
မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ် ပြင်စာကျေးရွာတွင် နေထိုင်သော ၁၂ နှစ် အရွယ်ရှိ သတ္တမတန်း ကျောင်းသားတစ်ဦးကို မြို့နယ်တရားရုံးက ဇူလိုင်လ ၂ ရက် နေ့တွင် ဝရမ်းထုတ်ကာ ဆင့်ခေါ်ခဲ့ကြောင်း ယင်းကျောင်းသား မိသားစုဝင်များထံမှ သိရသည်။
03-Jul-2017
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနှင့် ပြည်ထောင်စုအဆင့် ဝန်ကြီးများ၊ တိုင်းအဆင့်ဝန်ကြီးများနှင့် ရေးရာကော်မတီ၊ ကော်မရှင်အဖွဲ့ဝင်များကို ရွေးချယ်တာဝန်ပေးအပ်ရာ၌ ၉၉ ရာခိုင်နှုန်း မှန်ကန်ကြောင်း ယင်းအဖွဲ့ချုပ် ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ပြောကြားသည်။
30-Jun-2017
ပုဂံဒေသကို အခြေတည် ရိုက်ကူးထားသည့် ကျွန်ရုပ်ရှင်ဇာတ်ကားနှင့် သက်ဆိုင်သူများကို တရားစွဲဆိုထားကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) ထံမှ သိရှိရသည်။
30-Jun-2017
ပြင်ဦးလွင် အုပ်ချုပ်ရေးမှူးများကိုယ်စား ဒေသခံ ရွာသားများထံမှ လာဘ်ငွေ ရယူပေးခဲ့ရသော ယင်းမြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ဝန်ထမ်းအမျိုးသမီးတစ်ဦးကို တရားလိုပြသက်သေအဖြစ် ဇွန်လ ၂၉ ရက်နေ့တွင် မန္တလေးတိုင်း တရားရုံးက စစ်ဆေးခဲ့သည်။
28-Jun-2017
ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်း အဂါရဝ ဖြစ်စေသည့် အပြုအမူများ မပြုလုပ်ကြရန် သတိပေး ဆိုင်းဘုတ်များ ထပ်မံ စိုက်ထူမည်ဖြစ်ကြောင်း ညောင်ဦးခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။
28-Jun-2017
အလုပ်သမား အရေးကိစ္စဆောင်ရွက်စဉ် စဉ့်ကိုင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးဝင်းအတွင်း ဆန္ဒထုတ်ဖော်ခဲ့သည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကိုနှင်းအောင်ကို ယင်းမြို့နယ် တရားရုံးက ဇွန်လ ၂၇ ရက်နေ့တွင် ဒဏ်ထောင်နှစ်လ ချမှတ်ခဲ့သည်။
27-Jun-2017
ပုဂံဒေသကို ဇာတ်အိမ်ပြု ရိုက်ကူးခဲ့သည့် ကျွန်ရုပ်ရှင်ကားနှင့် ပတ်သက်၍ ဒေသခံများနှင့် ထုတ်လုပ်သူ၊ ဒါရိုက်တာများအကြား ကြားဝင်ညှိနှိုင်း ဖြေရှင်းပေးခဲ့ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးထံမှ သိရသည်။