News

30-Jul-2017
H1N1 ရောဂါပိုးကို ကာကွယ်ပေးနိုင်သည်ဟုဆိုသော 3M Health Care M95 နှာခေါင်းစည်း တစ်ခုလျှင် ကျပ် ၅၀ဝ၀ အထိ ဈေးတက်သွားကြောင်း မန္တလေးမြို့တော်ရှိ အဆိုပါဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
29-Jul-2017
ပွဲတော်ရက်အတွင်း H1N1 လူနာတွေ့ရှိပါက တောင်ပြုန်းပွဲတော် ပိတ်သိမ်းသွားမည်ဖြစ်ပြီး ပွဲတော်ကာလအတွင်း ဇာတ်ရုံများနှင့် ရုပ်ရှင်ရုံတို့ ပြသခွင့်ပြုမည် မဟုတ်ကြောင်း မန္တလေးတိုင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် ပွဲတော်ကျင်းပရေး ကော်မတီထံမှ သိရသည်။
28-Jul-2017
မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးတွင် H1N1 လူနာတစ်ဦး တက်ရောက်ကုသနေသည်ဟု ဇူလိုင် ၂၆ ရက် ညက လူမှုကွန်ရက် စာမျက်နှာတွင် ပျံ့နှံ့နေမှုမှာ ကောလာဟလသတင်းသာ ဖြစ်ကြောင်း မန္တလေးတိုင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာသန်းသန်းမြင့်က ပြောကြားသည်။
28-Jul-2017
မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ၆၂ လမ်း၊ ၂၄ လမ်းနှင့် ၂၅ လမ်းကြားတွင် ဖွင့်လှစ်ထားသည့် တောင်သူများ၏ သပိတ်စခန်းကို ဇူလိုင်လ ၂၈ ရက်နေ့ နံနက် ၂ နာရီခန့်အချိန်က ရဲတပ်ဖွဲ့ အင်အား ၁၀၀ ကျော်ခန့်ဖြင့် ဖြိုဖျက်ခဲ့ပြီး တောင်သူနှင့် တောင်သူအရေး ကူညီဆောင်ရွက်သူ ၁၁ ဦးကိုလည်း ငြိမ်းစုစီ ဥပဒေဖြင့် အမှုဖွင့်ထားကြောင်း သပိတ်စခန်း ဖွင့်တောင်သူများထံမှ သိရသည်။
27-Jul-2017
မန္တလေးတိုင်းအတွင်း အမှုလိုက် ရှေ့နေ မငှားနိုင်သော ဆင်းရဲနွမ်းပါးသူများအတွက် တရားမျှတမှု စင်တာက အခမဲ့ အမှုလိုက်ပေးမည်ဖြစ်ကြောင်း My Justice အဖွဲ့ထံမှ သိရသည်။
25-Jul-2017
မဘသအဖွဲ့ကြီးသည် သံဃာ့စည်းမျဉ်း ဥပဒေများ၌ ခွင့်ပြုချက်မရှိဘဲ ဖွဲ့စည်းထားခြင်းကြောင့် ဥပဒေမဲ့ အဖွဲ့ကြီးတစ်ခုသာဖြစ်ကြောင်း နိုင်ငံတော် သံဃမဟာ နာယက ဥက္ကဋ္ဌ ဆရာတော် ဗန်းမော် ဆရာတော်ကြီး ဘဒ္ဒန္တ ကုမာရာဘိဝံသက The Voice သို့ မိန့်ကြားသည်။
25-Jul-2017
မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်တွင် ဆိုင်ကယ် မောင်းနှင်နေသည့် တပ်မတော်အရာရှိ(ဗိုလ်) တစ်ဦး ယနေ့ (ဇူလိုင်လ ၂၅ ရက်) နံနက် ၁၀ နာရီခန့်က လမ်းမပေါ်တွင် ဒရွစ်ဆွဲနေသည့် ကားတစ်စီးက ဝင်တိုက်မိခဲ့သဖြင့် သေဆုံးခဲ့ကြောင်း အမှတ် (၆) နယ်မြေရဲစခန်းထံမှ သိရသည်။
24-Jul-2017
မန္တလေး တိုင်းဒေသကြီး အတွင်းရှိ မဘသ ဆိုင်းဘုတ်များ ဖြုတ်သိမ်းရေးနှင့် ပတ်သက်၍ နိုင်ငံတော် သံဃမဟာနာယက (မဟန) ဆရာတော်ကြီးများနှင့် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (မဘသ) ဆရာတော်ကြီးများသည် ဇူလိုင်လ ၂၂ ရက်၌ မန္တလေးမြို့ ၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း အဆိုပါ ဆွေးနွေးပွဲတွင် ပါဝင်သည့် ဦးဆောင်ဆရာတော်များထံမှ သိရသည်။
23-Jul-2017
လက်ရှိ ရေကြီးရေလျှံမှုများသည် နှစ်စဉ် ဖြစ်ပေါ်နေကြပြဿနာဖြစ်နေ၍ သဘာဝဘေးဒဏ် မဟုတ်တော့ဘဲ နေထိုင်မှုပုံစံ ပြောင်းလဲရန် လိုအပ်ကြောင်း ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြောကြားသည်။
20-Jul-2017
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ် ကျွဲတပ်ဆုံရွာတိုးဂိတ ်အနီးတွင် ဇူလိုင်လ ၁၉ ရက်နေ့ ညက လွိုင်ကော်မှ မန္တလေးသို့ သွားသည့် မော်တော်ယာဉ်တစ်စီးပေါ်မှ မောင်းပြန်သေနတ် ၂၂ လက်ကို ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
18-Jul-2017
တောင်သမန်အင်းအတွင်း ရေကြီးမှုများ ဖြစ်လာပါက ဦးပိန်တံတား ကြံ့ခိုင်မှုရှိစေရန် ပြင်ဆင်ထားပြီးဖြစ်ကြောင်း ဦးပိန်တံတား ပြုပြင်ထိန်းသိမ်းရေး ကော်မတီထံမှ သိရသည်။
17-Jul-2017
မန္တလေး ဗဟိုအကျဉ်းထောင် (ထုံးဘို) စာစစ်ဌာနမှ ၂၀၁၆ -၂၀၁၇ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း (၁၀ တန်း) အောင်မြင်ခဲ့သူများကို ရတနာပုံ တက္ကသိုလ်တွင် ပညာသင်ခွင့် ရရှိမည်ဖြစ်ကြောင်း အဆိုပါ အကျဉ်းထောင် အာဏာပိုင်များက ပြောကြားသည်။
14-Jul-2017
မန္တလေးမြို့တော်ရှိ မဟာမုနိရုပ်ရှင်တော်မြတ် ဘုရားရင်ပြင်တော်ပေါ်တွင် ဆေးလိပ်မသောက်ရန် မေတ္တာရပ်ခံသည့် သတိပေး ဆိုင်းဘုတ်များ ထပ်မံထားရှိမည် ဖြစ်ကြောင်း ယင်းဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။
13-Jul-2017
မန္တလေးခရိုင်တရားရုံးသို့ ရုံးထုတ်လာသည့် ပြည်ကြီးတံခွန်မြို့နယ် အတွင်းမှ မူးယစ်တရားခံ ၂ ဦးကို ယနေ့ (ဇူလိုင်လ ၁၃ ရက်) က ရုံးထုတ်လာစဉ် ထွက်ပြေးရန် ကြံစဉ်မှု ဖြစ်ပွားခဲ့ကြောင်း ယင်းတရားရုံးထံမှ သိရသည်။
11-Jul-2017
မန္တလေးတိုင်းအတွင်း အွန်လိုင်းမှတစ်ဆင့် လောင်းကစားများ ရှိနေရာ ယင်းသို့ လုပ်ဆောင်နေသူများကို ၂၀၁၄ ခုနှစ် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်းမန္တလေးတိုင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်မင်းက ပြောကြားသည်။